Local Celebrity: သမ္မတကြီးဆီ စာရောက်ဖို့ ကြိုးပမ်းနေကြသူများ

ဘယ်သူတွေ ကြိုးစားနေတာပါလိမ့်။

သမ္မတကြီးဆီ စာရောက်ဖို့ ကြိုးပမ်းနေသူတွေကတော့ ဒါရိုက်တာ ဝိုင်းတို့ အဖွဲ့သားတွေပါ။ ဒါရိုက်တာဝိုင်း ရိုက်ကူးနေတဲ့ သမ္မတကြီးထံပေးစာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဝိုင်းနဲ့အတူ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်နဲ့ ဖွေးဖွေးတို့က အတူ ကြိုးပမ်းလို့ နေကြပါတယ်။

သမ္မတကြီးဆီ စာရောက်ဖို့အတွက် ဒါရိုက်တာဝိုင်းအနေနဲ့ အပင်ပန်းဆုံးနဲ့ ရက်အရှည်ဆုံးရိုက်ရတဲ့ ရုပ်ရှင်တကားဖြစ် တယ်လို့လည်း ဒါရိုက်ဝိုင်းက ပြောထားပါတယ်။

play

 

"ကျွန်တော်တို့ကြိုးပမ်းနေကြပါသည်။

သမ္မတကြီးဆီစာရောက်ဖို့.။

ခုချိန်မှာ......ကျွန်တော်ဘဝမှာ အပင်ပန်းဆုံးနဲ့ရက်အရှည်ဆုးံရိုက်ရတဲ့ရုပ်ရှင်တကားဖြစ်နေမှာတော့သေချာသွားပါပြီ။

ဘဘဦးသုခပြောတာသိပ်မှန်ပါတယ်..

မြန်ရင်မကောင်းဘူး...

ကောင်းရင်မသက်သာဘူးတဲ့." ဆိုတဲ့ စကားကို အောက်တိုဘာ(၁၄)ရက်နေ့ ည(၁၀)နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ် ဒါရိုက်တာဝိုင်းနဲ့အတူ သရုပ်ဆောင်တွေ ကြိုးစားနေတာကို တွေ့ရတဲ့အတွက် အရမ်းကျေးဇူးတင်သလို ဝိုင်းရဲ့ ဇာတ်ကားတွေကိုလည်း စဉ်ဆက်မပြတ် အားပေးမှာဆိုပြီးတော့လည်း ပရိသတ်တွေက ကောမန့်တွေ ပေးထားကြပါတယ်။

ပရိသတ်တွေရဲ့ ကောမန့်နဲ့ အားပေးစကားတွေကတော့ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ အတွက်အားဆေးတစ်ခွက်ပါပဲ။

play

 

ယင်းဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ဖွေးဖွေးကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ယခုလို ရေးသားထားပါသေးတယ်။

"သမ္မတကြီးထံပေးစာ" ရိုက်ကွင်းမှ..

နေပူပူမှာရိုက်ရတာကို နေအပူခံပြီးလာအားပေးတဲ့ ချစ်ပရိတ်သတ်များ ...ဂရုစိုက်ကြပါလို့ ...

အမြဲရင်ထဲမှာရှိနေပါတယ်လို့.. " ဆိုပြီး ပြောထားပါသေးတယ်။

play

 

ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားဟာ ရိုက်ကူးခွင့်ရဖို့ အတွက် သုံးနှစ်တိတိစောင့်ခဲ့ရတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

Postby

 

Photo : ဝိုင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ