Local Celebrity: မင်္ဂလာသက်တမ်း (၁)နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ မိုးယုစံတို့ ဇနီးမောင်နှံ

တစ်နှစ်ပြည့်နေ့က အိမ်မှာ အလှူလုပ်ခဲ့ပါသေးတယ်။

အောက်တိုဘာ(၁၈)ရက်နေ့က စွမ်းသူမိုးနဲ့ မိုးယုစံတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ မင်္ဂလာသက်တမ်း (၁)နှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ တစ်နှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ မနက်ပိုင်း အိမ်မှာ ဘုန်းကြီးဆွမ်းကပ် ခဲ့ပါတယ်တဲ့။

ဆွမ်းကပ်နေတဲ့ ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားသလို ယခုလို စာသားလေးကိုလည်း ရေးသားထားပါတယ်။

play

 

"Happy 1year Anniversary မနက်ပိုင်း ဘုန်းကြီးဆွမ်းကပ် ည ချစ်ယောကျာ်းနဲ့ night out နောက်နှစ်များစွာတိုင် မိန်းမကို အမြဲ ချစ်နိုင်ပီး စိတ်ချမ်းသာအောင်ပိုပိုထားနိုင်ပါစေ(Thanks to Sedona hotel)" လို့ ဆိုထားပါတယ်။

မနက်ခင်းပိုင်း ဘုန်းကြီးဆွမ်းကပ်ခဲ့သလို ညပိုင်းမှာလည်း ခင်ပွန်းဖြစ်သူနဲ့အတူ ဆီဒိုနားမှာ ညစာစားခဲ့တဲ့ ပုံလေးတွေကိုလည်း တင်ထားပါတယ်။

play

 

မိုးယုစံကတော့ သာယာပြည့်စုံတဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ယခုဆိုရင် သားလေးတစ်ယောက်လည်း ထွန်းကားလို့ နေပါပြီ။ သားလေးနာမည်ကိုတော့ Austin ပေးထားပြီး မွးဖွားချိန်ကစလို့ ပရိသတ်တွေကို အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

play

 

မိုးယုစံက သားလေး Austin ကို သုံးလပြည့်တော့မှ မြန်မာနာမည်ပေးမယ်လို့ သြဂုတ်လ(၂၆)ရက်နေ့က ရေးထားတဲ့ ပို့စ်အရ သိရပါတယ်။

 

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Postby

 

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ