Local Celebrity: အခွေထွက်ခွင့် ပိတ်ပင်ခံရတယ်ဆိုတဲ့ သတင်းကို ပြန်ဖြေရှင်းလိုက်တဲ့ ဝေလ

သူ့အနေနဲ့ ဘယ်လိုမှမခံစားရပါဘူးတဲ့။

"လူဖြစ်ခွင့်ပေးပါ" သီချင်းနဲ့ ပတ်သက်ပြီး အခွေထွက်ခွင့်သုံလ တိတိအပိတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့အဆိုတော် ဝေလက ပြန်ပြောပြလိုက်တာ ဖြစ်ပါတယ်။

သတင်းအမှားနဲ့ ပတ်သက်ပြီး ဝေလအနေနဲ့ ဘယ်လိုမှ မခံစားရဘူးလို့ ဆိုပါတယ်။

play

 

"အဲ့အသင်းက မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်လည်း အဲ့သတင်းကို ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့ အဲ့ထဲမှာ ရေးထားတဲ့ အနုပညာအစည်းအရုံးဆိုတာ ရှိမှမရှိတာ။ ဂီတအစည်းအရုံးနဲ့ ရုပ်ရှင်အစည်းအရုံးပဲ ရှိတာလေ။ သတင်းအမှားကြီးပါခင်ဗျ။ ဒီလိုပါပဲ page အသစ်တစ်ခုထောင်ရင် လူစိတ်ဝင်စားအောင် ရေးကြတာပဲလေ။ ကျွန်တော်လည်း ကျွန်တော့အလုပ်နဲ့ ကျွန်တော် မအားတော့လေ။ ကျွန်တော်ပြန်တုံ့ပြန်တာတွေ ဘာတွေ မရှိပါဘူး" ဆိုပြီးတော့ Duwun Media ကို ဖုန်းနဲ့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုတော် ဝေလကတော့ လက်ရှိမှာ ဖျော်ဖြေပွဲသွားဖြစ်နေပြီး အဓိပတိဖွား MTV ကိုလည်း ဒီလထဲမှာ ထွက်နိုင်ဖို့ အတွက်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ယင်းအခွေအပြင် အတွဲခွေနှစ်ခွေနဲ့ တစ်ကိုယ်တော်အခွေထပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

" ကျွန်တော်အခု သီချင်းခွေတွေလုပ်နေတယ်။ အဓိပတိဖွားကို ဒီလထဲမှာ MTV ထွက်နိုင်အောင် ကြိုးစားနေတယ်။ ပြီးရင် ကျွန်တော် အတွဲခွေ နှစ်ခွေထွက်ဖို့ ရှိပါတယ်။ တစ်ခွေက ကိုအံ့သွန်း၊ ကိုသအို၊ ကိုညီလတ်ရယ်  ကျွန်တော်ရယ်ပေါ့ သီချင်း ကိုးပုဒ်ပါတယ်။ အဲ့ဒါလေး လုပ်ဖြစ်နေတယ်။ နောက်တစ်ခွေကတော့ စီစဉ်နေတုန်းပါ။ ဦးညီထွဋ်ရယ် အာဇာနည်ရယ် ကျွန်တော်ရယ်ပါဗျ။ ပြီးတော့ ကျွန်တော့်တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေပါတယ်။ " ဆိုပြီး ပြောပြခဲ့ပါတယ်။

play

 

လေးခွေမြောက် တစ်ကိုယ်တော်အခွေကိုလည်း "အတုများတဲ့မြို့" ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုတော် ဝေလကတော့ ၁၉၈၂၊ မိတ်ကပ်မကြိုက်သောသူများ၊ အဓိပတိဖွား စတဲ့ တစ်ကိုယ်တော်အခွေ များနဲ့ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ကုတင်အမှတ် ၁၈ ဆိုတဲ့ မီနီအယ်လ်ဘမ်လေးကိုလည်း သူ့ရဲ့မွေးနေ့မှာ အမှတ်တရအနေနဲ့ ထွက်ရှိထားပါသေးတယ်။

Postby

 

Photo : ဝေလ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ