Local Celebrity: ကျောင်းမှာ ဂဏန်းလိုက်ဖမ်းနေတဲ့ ပိုင်တံခွန်

ဘယ်လိုတွေ တောင်ဆော့လဲကွယ်။

ပိုင်တံခွန်ကတော့ ပထမနှစ်ပြန်တက်နေတယ်လို့ သိရပါတယ်။ အသက်(၁၅)နှစ်မှာ ဆယ်တန်းအောင်ခဲ့ပြီး အလုပ်ထဲမှာ နှစ်မြော နေခဲ့တဲ့ ပိုင်တံခွန်ကတော့ အခုမှ ပထမနှစ်ပြန် တက်နေရတာပါ။

အခုလည်း အဝေးသင်တွေ ကျောင်းပြန်တက်နေရပြီဆိုတော့ ပိုင်တံခွန်လည်း ကျောင်းမှာပျော်လို့နေပါတယ်။

play

 

ကျောင်းသွားတဲ့ ပုံလေးတွေကို တစ်နေ့တစ်မျိုး မရိုးအောင် သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာကိုလည်း တွေ့ရပါတယ်။

ဒီနေ့(အောက်တိုဘာ၁၉ရက်)မှာတော့ ထူးထူးခြားခြား ကျောင်းမှာ ဂဏန်းတွေ လိုက်ဖမ်းနေတဲ့ ပုံလေးတွေ တင်ထားပါတယ်။ ကျောင်းမှာ ဂဏန်းတွေရှိပါတယ်ဆိုတာ မယုံတဲ့သူတွေကို သက်သေပြလိုက်တာပါတဲ့။

play

 

"ကျောင်းမှာဂဏန်းတွေ ရှိပါတယ်ဆိုတာ မယုံကြဘူး တွေ့လား ..အများကြီးဘဲ.. အကျင့်ပါနေလို့ပါ ၊အခုပြန်လွှတ်ပေးလိုက်ပြီနော်"  ဆိုပြီး ရေးသားထားပါတယ်။

"ဂဏန်းဖမ်းတာကလည်း သူ့ရဲ့ ဝါသနာပါပဲတဲ့။" ပရိသတ်တွေကို ပြန်ပြောထားတဲ့ ကောမန့်တစ်ခုမှာ ရေးထားတဲ့ စကားလုံးလေးပါ။

play

 

လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ပိုင်တံခွန်ဟာ ဘာသာတရားကို ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်သလို ပရဟိတစိတ်ဓာရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

စက်တင်ဘာ(၁၇)ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်(၂၁)နှစ်ပြည့် မွေးနေ့မှာလည်း ပိုင်တံခွန်ရဲ့ချစ်သူ ဆိုတဲ့ သီချင်းခွေလေး ထွက်ရှိခဲ့သလို သီချင်းခွေက ရရှိခဲ့တဲ့ငွေများနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့ငွေစုစုပေါင်းငွေကျပ်သိန်း(၅၀)ကို အနန္တမေတ္တာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လှူဒါန်းခဲ့ပါတယ်။

 

Postby

 

Photo : ပိုင်တံခွန်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ