Local Celebrity: ကစ်ကစ်အတွက် ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်မေ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် သရုပ်ဆောင်အဆိုတော် မေက သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကစ်ကစ်အတွက် ဆေးကုသရန်အတွက် ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ကစ်ကစ်ဟာ အဆုတ်နဲ့ နှလုံးမှာ ရေဝင်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။

သရုပ်ဆောင် ကစ်ကစ်အတွက် အနုပညာညီအစ်ကို မောင်နှမများကလည်း တက်အားသ၍ သွားရောက်လှူဒါန်းကြတယ်လို့ သိရပါတယ်။

play

 

သမီးဖြစ်သူ ဇွန်ပြည့်ကလည်း မိခင်အတွက် ကူညီထောက်ပံပေးတဲ့အတွက်ကောသတင်းမေးမြန်းကြတဲ့ မိခင်ရဲ့ မိတ်ဆွေတွေကို အားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားပါသေးတယ်။

"အထူးကျေးဇူးတင်ရှိခြင်း

သမီးရဲ့ အမေ(ဟာသသရုပ်ဆောင်ကစ်ကစ်)

နာမကျန်းဖြစ်နေစဉ်မှာ ကိုကြီးစွမ်းရည်သန့်ရဲ့အကောင့်မှ အနုပညာရှင်များ အတက်ပညာရှင်များ အမေ့ရဲ့လုပ်ဖော်ကိုင်ဖက်များ အားလုံးမှ comment များ ဝင်ရေးပြီးအမေ့အတွက် အားပေးကြတာကိုကျေးဇူးတင်ပါတယ် ဖုန်းဆက်ပြီးသတင်းမေးကြတဲ့အမေ့ရဲ့ မိတ်ဆွေအနုပညာရှင်များ အားလုံးကို အမေ့ကိုယ်စား သမီးဇွန်ပြည့်က ကျေးဇူးတင်ပါတယ်ရှင့်'" ဆိုပြီး ကစ်ကစ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ကစ်ကစ်ရဲ့ ပရိသတ်များကလည်း ကျန်းမာရေး အမြန်ကောင်းမွန်လာစေဖို့အတွက် ဆုတောင်း ပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ကစ်ကစ်က ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ဆီးချိုသွေးချိုဖြစ်ပြီး ဆေးကုသမှု ခံယူလိုက်ရပါသေးတယ်။

Photo : ကစ်ကစ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ