Local Celebrity: စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ ရှင်ပြု အလှူပုံရိပ်များ

ကြည်နူးစရာကောင်းလှတဲ့ ပုံလေးတွေ ဖြစ်ပါတယ်။

စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ရည်မှန်းထားတဲ့အတိုင်း အလှူလေးကတော့ အထမြောက်လို့ သွားပါပြီ။ မနှစ်ကတည်းက ကထိန်ခင်းရှင်ပြု  ရဟန်းခံအလှူလုပ်ဖို့ စိတ်ကူးလေးကို ဒီနှစ်မှာ အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ရည်မှန်းချက်လေး ပြည့်သွားတဲ့အတွက် ညီမနှစ်ယောက်စလုံး အရမ်းကို ပျော်နေပါတယ်။  ရှင်ပြုအလှူမင်္ဂလာကို မန္တလေးမြို့ရဲ့ တောင်ဘက် စကားအင်းကျေးရွာ၊ ဇီးကန်တောရကျောင်းမှာ ကထိန်ခင်း၊ ကံထပ်၊ ရဟန်းခံ၊ ရှင်ပြု၊ နားသပွဲကြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

play

 

ဒီနှစ်မှာတော့ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ နှစ်ယောက်ပေါင်းပြီး ကထိန်ခင်း ရှင်ပြုရဟန်းခံအလှူမှာ ရှင်လောင်း (၅၃)ပါးကို ဆံချကိုယ်ရင် ဝတ်ပေးခဲ့ပြီး အလှူအတွက်ချက်ပြုတ်နေတဲ့ နေရာမှာလည်း ကိုယ်တိုင် ဝင်ကူခဲ့ရတဲ့အတွက် ပီတိဖြစ်ရတယ်လို့ စိုးပြည့်သဇင် က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"၁၉.၁၀.၂၀၁၇..ဒီနေ့အလှူအဝင်နေ့မှာမောင်ရှင်လောင်း၅၃ပါးဆံချကိုယ်ရင်ဝတ်.မနက်ဖြန်အလှူအတွက် ချက်ကြပြုတ်ကြတာကို ကြည့်ရင်း ကိုယ်တိုင်လည်း ဝင်ကူရင်းအရမ်းကို ပီတိဖြစ်ရပါတယ်ရှင်။ သာဓုခေါ်ဆိုနိုင်ကြပါစေ" ဆိုပြီး ပြောထားပါတယ်။ အလှူလုပ်နေတဲ့ သူတို့ညီမပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

play

 

 

စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ နှစ်ဦးစလုံးဟာ အနုပညာလမ်းခရီးမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ ဂီတနဲ့ ပတ်သတ်ပြီး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Postby

 

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ