Local Celebrity: ကို့ယို့ကားယား ဇာတ်ကားရိုက်ကွင်းပေါ်က မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်များ

ဘယ်လိုတွေတောင် ကို့ယို့ကားယားနိုင်ကြမလဲ မသိဘူးနော်။

မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ကတော့ "ကို့ယို့ကားယား" ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူပုံဖော်နေကြတာ ဖြစ်ပါတယ်။ နာမည်က ကို့ယို့ကားယားဆိုတဲ့အတိုင်း ဘယ်လိုတွေ ကို့ယို့ကားယားနိုင်ကြမလဲ မသိဘူးနော်။

အဲ့ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်က ပိုလီယိုဖြစ်နေတဲ့ ကောင်လေးနေရာက ပါဝင်သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ရွှေမှုံရတီ ဖေ့စ်ဘွတ်ကနေ Live လွှင့်တဲ့ အချိန်တုန်းက မြင့်မြတ်က ပြောပြခဲ့တာပါ။ အဲ့ဒီ Live ထဲမှာတော့ ရွှေမှုံက မြင့်မြတ်နာမည်နဲ့ အကောင့်အစစ် ပြန်သုံးလို့ ရသွားပြီ ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

ပရိသတ်တွေ Add ချင်တာပဲ ဖြစ်ဖြစ် Following လုပ်ချင်တာပဲ ဖြစ်ဖြစ် ဖြည်းဖြည်းလုပ်ကြပါတဲ့။ အကောင့်ထပ်ပျက်သွားမှာ စိုးလို့ဆိုပြီး ပြောထားပါသေးတယ်။

play

 

မြင့်မြတ်ရဲ့ ဖေ့စ်ဘွတ်မှာလည်း ရွှေမှုံနဲ့အတူ ရိုက်ကွင်းပေါ်က ပုံလေးတွေကို တင်ထားပါသေးတယ်။ မြင့်မြတ်တင်လိုက်တဲ့ ပုံတွေထဲမှာ ရွှေမှုံက မြန်မာဝတ်စုံလေး ဝတ်ထားပြီး မြင့်မြတ်ကတော့ ဘောင်းဘီအပြာ ရောင်နဲ့အင်္ကျီအပြာ ရောင်ကို ဝမ်းဆက်ဝတ်ထားတာ တွေ့ရပါတယ်။

ပုံလေးတွေ ဘယ်လိုထူးခြားမလဲဆိုတာ သိရအောင် ပရိသတ်တွေ ဖော်ပြပေးလိုက်ပါတယ်။ မြင့်မြတ်နဲ့ ရွှေမှုံတို့အတူ သရုပ်ဆောင် ထားတဲ့ အဲ့ဒီရုပ်ရှင်ဇာတ်ကားကတော့ ဘယ်လိုတွေ ထူးခြားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

play

 

မြင့်မြတ်(Myint Myat)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး  ဒရာမာကားများနဲ့ ပရိသတ် များ အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို  ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။အခု နောက်ပိုင်းလည်း အက်ရှင်ဇာတ် ကားများ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။

မြင့်မြတ်က တော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး မခင်သူအောင်နဲ့ ချစ်သူသက်တမ်း (၅)နှစ်ကျော် ကာလမှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

Postby

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီး တစ်ဦး ဖြစ်ပါတယ်။

 

Photo : မြင့်မြတ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ