Local Celebrity: ညောင်ဦးဖီးကျွန်းကို ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း

ပျော်စရာကောင်းတဲ့ ကျွန်းလေးပါတဲ့။

ဝိုင်းစုခိုင်သိန်းကတော့ လက်တလော ခရီးတွေ ဆက်တိုက် ထွက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်ကတော့ ကော့သောင်းမှာ ရှိတဲ့ ညောင်ဦးဖီးကျွန်းကို ရောက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီကျွန်းလေးကို ရောက်နေကြောင်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးက ဓာတ်ပုံလေးတင်ပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။

play

"ကော့သောင်း   ညောင်ဦးဖီးကျွန်း သွားတုန်းက အရမ်းပျော်စရာကောင်းတဲ့ကျွန်းလေးပါ။ May,collectionအင်္ကျီလေးနဲ့ပေါ့" ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

သူမရဲ့ ပုံလေးတွေကိုတော့ စိုးကိုကိုအောင်က ရိုက်ပေးထားတာ ဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အဆိုတော် အောင်လနဲ့ သူမတို့ မိသားစုဟာ ငပလီကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ငပလီကို ရောက်နေ တုန်းက လည်း ချစ်သူနှစ်ဦးရဲ့ အလှဓာတ်ပုံလေးတွေ ရေထဲမှာ ဆော့နေတဲ့ ပုံလေးတွေ နဲ့ အတူတူသွားခဲ့တဲ့ မိတ်ဆွေတွေနဲ့အတူ ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်ထားခဲ့ပါသေးတယ်။

အခုဝိုင်းစုခိုင်သိန်းတို့ သွားလည်နေတဲ့ ညောင်ဦးဖီးကျွန်းကတော့ ဒီနှစ်ထဲမှာ ခရီးသွားသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။ သဘာဝက ပေးထားတဲ့ အလှတရားလေးတွေ  ပိုင်ဆိုင်ထားတဲ့ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။

play

 

ကြည်လင်လှပတဲ့ ရေကြည်ကြည်နဲ့ သဲဖြူနုနုကမ်းခြေတွေနဲ့ လှပတဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။

ညောင်ဦးဖီးကျွန်းကို သွားချင်ရင်တော့ ကော့သောင်းကနေ စပိဘုတ်လေးတွေ စီးပြီး (၂)နာရီအကြာလောက်မှာတော့ အန်ဒမန်ပင်လယ်ရဲ့ Paradise လို့  တင်စားခေါ်ဝေါ်နိုင်တဲ့ ညောင်ဦးဖီးကျွန်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။

Postby

 

Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ