Local Celebrity: ပိုလီယိုဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရ

ကိုးရိုးကားယား ဇာတ်ကားမှာ ဖြစ်ပါတယ်။

ကိုးရိုးကားယား ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်ရဲ့ ပိုလီယိုဇာတ်ရုပ်နဲ့ ဟာသသရုပ်ဆောင်မှုအပေါ် မသန်စွမ်းအသိုင်းအဝိုင်းအပါအဝင် အနုပညာလောကကပါ ဝေဖန်မှုတွေများစွာ ရှိခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပြီး မြင့်မြတ်၊ ရွှေမှုံရတီတို့က အဓိက ပါဝင်ထားတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားမှာ မြင့်မြတ်က ပိုလီယိုဖြစ်နေတဲ့ ကောင်လေး နေရာကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

‘‘ကျွန်တော်ကတော့ အဲဒီလို လုပ်တာမျိုးကို ကိုယ်တိုင်လည်း မကြိုက်ပါဘူး။ သို့သော် တစ်ခု ခက်ခဲတာက အခုပြထားတာ လေးက တိုတိုလေးပဲဖြစ်တယ်။ ဇာတ်ကားတစ်ကားလုံးစာ မ ဟုတ်ဘူး။ ရုပ်ရှင်ဇာတ်ကားတစ် ကားက မပြီးသေးဘဲနဲ့ တန်းပြီး တော့ ဝေဖန်ဖို့ကတော့ စောလွန်း အားကြီးတယ်။

နံပါတ်တစ်က ကျွန်တော် ကိုယ်တိုင်သာ ဆိုရင် လှောင်တဲ့ ပြောင်တဲ့အလုပ်ကို မလုပ်ပါဘူး။ နံပါတ်နှစ်က အစအဆုံးမမြင်ရ သေးဘူး။ ဒီအစိတ်အပိုင်းလေး တစ်ခုကို ကြည့်ပြီးတော့ ဘာ ကြောင့်၊ ဘယ်လို ရိုက်ထားတယ် ဆိုတာ မသိသေးဘဲနဲ့ အရမ်းဝေ ဖန်မယ်ဆိုရင်လည်း မကောင်းပြန်ပါဘူး’’ဆိုပြီး ဟာသသရုပ်ဆောင် ဇာဂနာက ဆိုပါတယ်။

play

 

ဒီလိုမျိုး ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အမှုဆောင်ဒေါ်ခင်မျိုးစုက ယခုလို ပြောပြခဲ့ပါတယ်။

‘‘အန်တီက ဒီနေ့မှ စသိတာ။ မသန်စွမ်းအသိုင်းအဝိုင်းကတော့  တော်တော်များများ သိနေကြပြီ။ ရည်ရွယ်ချက်နှစ်ခုရှိတာပေါ့။ ချစ်စနိုးအနေနဲ့ လှောင်ပြောင်တာရှိ တယ်။ သူများရယ်စေချင်တယ်။ အနုပညာရှင်က ဒီလိုအမူအရာ တွေလုပ်ပြတယ်။ များများရယ် ရင် များများအောင်မြင်မယ်။ ဒါ ပေမဲ့ သူက လူ့အခွင့်အရေးကို မလေ့လာထားဘူး။ ဒီလိုမျိုးလုပ် လိုက်ခြင်းအားဖြင့် လူတစ် ယောက်ရဲ့ အခွင့်အရေးကို ချိုး ဖောက်တဲ့အတွက်ကြောင့်မို့လို့ ကန့်ကွက်ပါတယ်ဆိုတဲ့ စာမျိုး ထုတ်ဖို့ တိုင်ပင်နေကြပါတယ်’’ လို့ ဆိုပါတယ်။

play

 

ယင်းဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူးသူ ဒါရိုက်တာ ပြည်ဟိန်းသီဟက ‘‘အဲဒီကားမှာ ရောဂါသည် ဝေဒနာရှင်တွေကို နှိမ့်ချပြီး ရိုက် ကူးထားတဲ့ပြကွက် တစ်ခုမှမရှိ ဘူး။ ဒီရောဂါဝေဒနာရှင်တွေကို ဖေးမပေးဖို့၊ ကူညီပေးဖို့၊ သူတို့ကို မနှိမ့်ချဖို့ ဆိုတဲ့ပြကွက်တွေပဲ ရိုက် ထားပါတယ်။ ဟာသဆိုတာက လည်း သူတို့ကို နှိမ့်ချထားတဲ့ ဟာသပြကွက်တစ်ခုမှ မရှိဘူး။ ချစ်စရာကောင်းတဲ့ အမူအရာ လေးတွေနဲ့ပဲ ပြုလုပ်ထားတာပါ။ အစ်ကို့မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။

သူက ဝေဒနာ တကယ်ခံစားနေရတာပါ။ သူ့ကို သူနာပြုလုပ်ပေးနေတဲ့ နာ့စ်မ လေးရှိတယ်။ အဲဒီနာ့စ်မလေးကို သူက ကြိုက်တယ်။ နာ့စ်မလေးက သူ့ကို မကြိုက်ဘူး။ မကြိုက်တော့ သူ့ရဲ့စိတ်ဝေဒနာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ အဲဒါ တကယ့်အဖြစ်အပျက်ပါ။ အဲဒါ လေးကို အစ်ကိုက အစ်ကို့သူငယ် ချင်းအတွက် ကျောရိုးယူဇာတ် လမ်းဆင်ပြီး ရိုက်လိုက်တာပါ’’  လို့ ပြောပါတယ်။

Postby

 

Source : 7day Daily

Photo  : မြင့်မြတ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ