Local Celebrity: ဇာတ်ကားရိုက်ကူးရင်း ဒူးခေါင်းကွဲသွားတဲ့ လူမင်း

ရေထဲမှာ ဖိုက်တင်ချတဲ့ အခန်းရိုက်ရင်း ဖြစ်သွားတာပါ။

သရုပ်ဆောင်လူမင်းကတော့ ဇာတ်ကားရိုက်ကူးရင်း ဒူးခေါင်းကွဲသွားလို့ နှစ်ချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ အောင်ပန်းမှာ ဇာတ်ကားရိုက်ကူးရင်းနဲ့ ဖြစ်သွားတာပါ။ နေတိုးနဲ့အတူ ရေထဲမှာ ဖိုက်တင်ချနေတဲ့ အခန်းရိုက်ကူးရင်း ဖြစ်သွားတာလို့ သိရပါတယ်။

ဧရာဝတီလူမင်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရှုတင်ရိုက်ကွင်းပုံလေးတွေ တင်ပြီး ပြောထားတာ ဖြစ်ပါတယ်။

play

 

"ဒီဇာတ်ဝင်ခန်းအတွက် ၂ ချက်ချုပ်လိုက်ရပါသည် ။( ရေအောက်မှာဘာနဲ့ထိသွားမှန်းမသိလိုက်ပါ )" ဆိုပြီရေးထားပါတယ်။ လူမင်းရဲ့ ပရိသတ်တွေကတော့ ဒဏ်ရာအမြန်ဆုံးပျောက်ဖို့ ဆုတောင်းပေးထားသလို အညှော်မမိစေဖို့ကိုလည်း ကောမန့်တွေမှာ မှာထားသေးပါတယ်။

ကောမန့်တွေထဲမှာ သရုပ်ဆောင်ခိုင်သင်းကြည်ကလည်း ယခုလို ပြောထားပါသေးတယ်။

play

 

"တော်သေးတယ်မျက်နှာမထိလို့ ,ဂရုစိုက်ပါအန်ကယ်လေးရေ" ဆိုပြီး ပြောထားပါတယ်။ အဲ့ဒီကောမန့်လေးကိုလည်း လူမင်းရဲ့ ဇနီးခင်စံပယ်ဦးက ယခုလို ပြန်ပြီး ပြောထားပါတယ်။

"အမKhine Khine Thin Kyiရေထဲဆိုတော့အောက်မှာဘာရှိမှန်းမသိဘူးဦးမိုးဦးကမရိုက်ခင်ဆင်းပြီးအရင်စမ်းသေးတယ်၊တကယ်အိုက်တင်လုပ်တော့အားပါပြီးအနက်ပိုင်းရောက်သွားပြီးထိသွားတာ၊ကိုလူမင်းကဆက်ရိုက်မယ်လုပ်နေသေးတာသွေးကမတိတ်လို့ဦးမိုးဦးကသွားခိုင်းတော့မှဆေးခန်းမှာချုပ်လိုက်ရတယ်တော်သေးတယ်မျက်နှာကိုမထိတာ"လို့ ဆိုထားပါတယ်။

play

 

လူမင်းကတော့ လက်ရှိမှာ လူမိုက်သံချောင်းကံကောင်းသည် ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲ့ဒီကားမှာတော့ ရန်အောင်၊ လူမင်း၊ နေတိုးနဲ့အတူ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

လူမင်းကတော့ ဥက္ကဌ ရာထူးက အနားယူပြီးနောက် ပရိသတ်တွေအတွက် ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။

play

 

လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ၂၀၁၆ ခုနှစ်ကပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားမြိုင်ရာဇာတာတေ ဇာတ်ကားနဲ့ ဇာတ်ပို့ဆုတို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : လူမင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ