ပရဟိတစိတ်ဓာတ်အပြည့်ရှိသူ ဝေဠုကျော်ကတော့ မြိုအဖွားအိုတစ်ဦးကို အင်္ကျီဝတ်တတ်အောင် သင်ပေးနေတာ တွေ့ရပါတယ်။ မောင်တောမြောက်ပိုင်း ၊ထရိန်ကျေးရွာရှိ မြိုတိုင်ရင်းသားများကို အဝတ်အစားတွေထောက်ပံ့ရင်းနဲ့ အင်္ကျီဝတ်တတ်အောင်လည်း သင်ပေးနေတာ ဖြစ်ပါတယ်။

အဖွားအိုတွေကို အင်္ကျီဝတ်တတ်အောင် သင်ပေးနေသလို သူကိုယ်တိုင်လည်း ဝတ်ပြနေတဲ့ ပုံလေးတွေကတော့ မြင်ရသူ ပရိသတ်များ အတွက် ကြည်နူးစရာ မြင်ကွင်းလေးလည်း ဖြစ်ပါတယ်။

play

 

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာလည်း ဒီနေ့လှူဒါန်းဖြစ်တာလေးတွေနဲ့ ပတ်သက်ပြီး ပုံလေးတွေ တင်ထားတာလည်း တွေ့ရပါတယ်။

"23-10-2017

#မြိုအဖွားအိုနဲ့ကျနော်

မောင်တောမြောက်ပိုင်း၊ထရိန် ကျေးရွာ ရှိ မြိုတိုင်းရင်းသားများအား အဝတ်အစားများ ထောက်ပံ့ပေးရင်း ပျော်ပျော်ပါးပါး ကိုယ်တိုင်လဲ ဝတ်ပြကြ။

ဝေ၂ဝေ ခေတ္တ-မောင်တော၊ရခိုင်ပြည်နယ်

#ဝေဠုကျော်ဖောင်ဒေးရှင်း နှင့်

#ဝေဟင်အောင်ပရဟိတအဖွဲ့

09455500010

09455500011

09455500014" ဆိုပြီး ရေးသားထားသလို လိုအပ်တာများကိုလှူဒါန်းနိုင်ဖို့အတွက်ကိုလည်း ဖုန်းနံပါတ်လေးတွေ ထည့်ပြီး ရေးသားထားပါသေးတယ်။

play

 

ဝေဠုကျော်ကတော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။

သရုပ်ဆောင် ဝေဠုကျော်အပါအဝင် ဝေဠုကျော် ဖောင်ဒေးရှင်းကတော့ သြဂုတ်(၂၉)ရက်နေ့ကတည်းက ရခိုင်သို့ သွားရောက်ခဲ့ပါတယ်။

play

 

ရခိုင်တိုင်းရင်းသားများအတွက် အလှူငွေများ ကောက်ခံကာ တတ်အားသ၍ ပါဝင်လှုပ်ရှားပေးနေတာတွေလည်း တွေ့ရပါတယ်။

ဝေဠုကျော်အနေနဲ့ ၂၀၁၆ခုနှစ် (၁၀)လပိုင်းလောက်မှာ ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်ရှောင် ရခိုင်တိုင်းရင်းသားတွေကို စစ်တွေ ဝံလက်ဖောင်ဒေးရှင်းနဲ့တွဲပြီး ပိတ်မိနေတဲ့ ရွာတွေအထိ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးထား တယ်လို့ သိရပါတယ်။ ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးထားသော ဘက်ကီးရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒိယ ဒါရိုက်တာ ရိုက်ကူးထားတဲ့ မကြာမီမျှော် ဆိုတဲ့ ရုပ်ရှ်ငဇာတ်ကားကြီးတို့ ဖြစ်ပါတယ်။

Postby

 

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video