တောင်ကြီးမြို့ကို အခေါက်ခေါက်အခါခါ သီချင်းတွေ လာဆိုဖူးပေမယ့် တောင်ကြီး တန်ဆောင်တိုင်ကိုတော့ ဒီနှစ်မှ ကြုံဖူးတာ ဖြစ်တယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ကို ဘဝမှာ ပထမဆုံးအကြိမ်ကြုံဖူးတဲ့ ဘန်နီဖြိုးတစ်ယောက် အကြီးကြီး ပျော်နေရပါတယ်။

play

 

နောက်တစ်ခု သူနားလည်သွားတာရှိပါတယ်။ အဲ့ဒါကတော့ သူငယ်ချင်း တောင်ကြီးသူ တောင်ကြီးသားတွေ ဒီလို တန်ဆောင်တိုင် အချိန်ကျရင်တောင်ကြီးကို မနေနိုင်မထိုင်နိုင် ဘာလို့ အိမ်ပြန်ချင်တာလဲဆိုတာကို အခုမှ သဘောပေါက်တော့တယ် ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"အခေါက်ခေါက်အခါအခါ တောင်ကြီးမြို့မှာ သီချင်းတွေလာဆိုခဲ့ဖူးပါတယ် ။ဒါပေမယ့် အခုမှ တောင်ကြီးတန်ဆောင်တိုင်ကို ဘဝမှာပထမဆုံးအကြိမ် ကြုံရတာပါ ။

အကြီးကြီးပျော်ရပါတယ် ။ ဒါကြောင့်လည်း သူငယ်ချင်း တောင်ကြီးသူ တောင်ကြီးသားတွေ ဒီအချိန်ဆို မနေနိုင်မထိုင်နိုင် အိမ်ပြန်ချင်ကြတာ အခုမှသဘောပေါက်တယ်

P.S : ပထမဆုံးကြုံတဲ့ တောင်ကြီးတန်ဆောင်တိုင်ညမှာပဲ ဒုံးတွေအောက်မှာပြေးခဲ့ရတာ အမှတ်တရပဲ " ဆိုပြီး ပြောပြထားပါတယ်။

play

 

ဘန်နီဖြိုးကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားနေရပါတယ်။ လူငယ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဘန်နီဖြိုးဟာ လူငယ်ပရိသတ် တွေကြား လူကြိုက်များတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

 

Postby

 

Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video