ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်ရဲ့ အိမ်မှာ စတုဒီသာကျွေးမှာတဲ့နော်။ ပရိသတ်တွေကိုလည်း သူက ဖေ့စ်ဘွတ်ကနေ လာခဲ့ဖို့အတွက် ဖိတ်ခေါ်ထားပါသေးတယ်။

နိုဝင်ဘာ(၂)ရက်နေ့မနက်ဖြန် နေ့လည် (၁၁)နာရီလောက်ကစပြီး သုဝဏ္ဏ၊ ပေါ်ဆန်း(၁)လမ်း၊ အမှတ်(၁၃/၆) အိမ်ရှေ့မှာ အုန်းနို့ခေါက်ဆွဲ စတုဒီသာကျွေးမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

"မနက်ဖြန်နေ့ လည်၁၁နာရီမှာကျွန်တော်တို့ ရဲ့ သုဝဏ္ဏ ပေါ်ဆန်း(၁)လမ်းရဲ့ အမှတ်၁၃/၆ အိမ်ရှေ့ မှာ အုန်းနို့ ခေါက်ဆွဲစတုဒီသာကျွေးမှာဖြစ်ပါတယ်။

Ve Veမှလည်းအချိုရည်ဗူးများပါဝင်လှူဒါန်းပေးပါတယ်။ ၁၁နာရီမှစပြီးအဝလာစားလို့ ရပါတယ် အများကြီးချက်ထားပါတယ်။ အားလုံးကိုဖိတ်ပါတယ်။

Ve Veအချိုရည်များလှူဒါန်းပေးပါသော ကိုရွှေမန်းWai Minn Maungနှင့်Ve Veမိသားစုကိုလည်းကျေးဇူးတင်ပါတယ်..." ဆိုပြီး ပြောထားပါတယ်။

play

 

သူ့တင်ထားတဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေက လာခဲ့မယ်ဆိုပြီးတော့ ကောမန့်တွေရေးထားတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ခင်လှိုင်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်လျက်ရှိပါတယ်။

Postby

 

Photo : ခင်လှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video