ရည်ရွယ်ချက် သုံးခုကို အခြေခံပြီးတော့ Big 9 အွန်လိုင်းတီဗီကို ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Big 9 လို့ နာမည်ပေးထားတဲ့ အွန်လိုင်းတီဗီကို လေးဖြူနဲ့ မျိုးကြီးတို့က ဦးဆောင်ထားသလို သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့တာ  ဖြစ်ပါတယ်။

Big 9 အွန်လိုင်းတီဗီအစီအစဉ်မှာတော့ သီချင်းအသစ်များ ထုတ်လွှင့်ပေးခြင်း၊ ခရီးသွားအစီအစဉ်များနဲ့ ဖျော်ဖြေပွဲများတိုက် ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်သလို ဖက်ရှင်အစီအစဉ်များအပါအဝင် ပရိသတ်များစိတ်ဝင်စားမယ့် အစီအစဉ်များကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

"ဂီတလောကသားများရဲ့ အနုပညာဖန်တီးမှု အရှိန်အဟုန် မြှင့်တင်ပေးဖို့ တစ်တပ်တစ်အား အနေနဲ့ဝင်ရောက်ပြီး လုပ်ကိုင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့၊ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နေ တဲ့ အချိန်အခါနဲ့အညီ ဂီတလော ကမှာလည်း တိုးတက်လာတဲ့ နည်းပညာအသစ်တွေနဲ့အတူ တိုး တက်သွားစေချင်တဲ့ရည်ရွယ် ချက်၊ နောက်ဆုံးတစ်ခုကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မြန်မာ ပြည်သူပြည်သားတွေက ပြည် တွင်းမှာရှိတဲ့ပရိသတ်တွေနဲ့အတူ တစ်ပြိုင်တည်းအတူတကွ ပျော် ရွှင်နိုင်ကြဖို့အတွက်’’   အွန်လိုင်တီဗီကို ပြုလုပ်ခဲ့တယ်ဆိုပြီး စာနယ်ဇင်းရှင်းလင်းပွဲမှာ လေးဖြူက ပြောခဲ့ပါတယ်။

play

 

Big 9 အွန်လိုင်းတီဗီရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေပွဲကောတ့ နိုဝင်ဘာ(၁၁) ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ  www.faceb ook.com/Big 9 TV/  က တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဲ့ဒီဖျော်ဖြေပွဲအတွက် လက်မှတ်များကို အိုင်းရင်းခရော့စ် အဖွဲ့ရဲ့ ပင်တိုင်ပရိသတ်များကို မဲဖောက်ပေးမှာ ဖြစ်ပြီး ပရိသတ်တစ်သောင်းခန့်ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း  Big 9 TV  ဈေးကွက်ပိုင်းကို တာဝန်ယူလုပ် ဆောင်နေ တဲ့ ကိုကျော်ဇေယျက ဆိုပါတယ်။

Postby

 

Source & Photo  : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video