AD
AD
AD

အနုပညာလောကမှာ ကိုယ်စီ အောင်မြင်မှုတွေ ရရှိနေတဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေး နှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူတွေပါ။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို လင်းလင်းနဲ့ ချစ်သုဝေတို့ ရရှိထားရုံသာမက ကလေးလေး နှစ်ယောက်ကပါ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားပြန်ပါတယ်။

play

 

ပြည့်ပြည့်ဖောင်းဖောင်း ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းတဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ အမြွှာညီအစ်မကတော့ ပရိသတ်တွေရဲ့ အသည်းကျော်ပါပဲ။

 အခုလည်း မေမေချစ်သုဝေက ချောင်းသာသွားတုန်းက ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် တင်ထားပါတယ်။

play

 

ကလေးတွေနဲ့အတူ မိသားစုပုံလေးတွေပါ။

ချစ်သုဝေ ဓာတ်ပုံလေးတွေကို တင်လိုက်တဲ့ အချိန်ဟာ ၁၅မိနစ်လောက်ပဲ ရှိသေးပေမယ့် Like ကတော့ သောင်းကျော်သွားပါပြီ။ share တဲ့သူပေါင်း ငါးရာကျော် ရှိခဲ့ပါသေးတယ်။

သူတို့ မိသားစုပုံ အသစ်လေးတွေကို ပရိသတ်တွေကို ကြည့်လို့ရအောင် ထပ်ပြီး ဖော်ပြပေးလိုက်တယ်နော်။

play

 

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ  ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ် အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင် လင်းလင်းနဲ့တူတယ်လို့ ပြောကြပါတယ်။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူလေးတွေ ဖြစ်ပါတယ်။

Photo : ချစ်သုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD