AD
AD
AD

ကလေး သရုပ်ဆောင်ဖြစ်ခဲ့ဖူးသူ ခြူးနဲ့ ခြူး (ယခင်သရုပ်ဆောင်အမည် - နေအဉ္ဇရာ)  တို့ ပြန်ပြီး ပြေလည်မှု ရရှိသွားပြီလို့ သိရပါတယ်။ ခြူးဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး ဒီနေ့(နိုဝင်ဘာ၂ရက်)က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

နှစ်ယောက်စလုံး ပြန်ပြီး ပြေလည်မှု ရရှိခဲ့ကာ ခြူးလို့ နာမည်ပေးထားတဲ့ (ယခင်သရုပ်ဆောင်အမည် - နေအဉ္ဇရာ) ကနေ သူမရဲ့ နာမည်ကို ခြူးလေးလို့ သတ်မှတ်ခေါ်ဆိုပေးဖို့ကိုလည်း ယင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play

 

ခြူး (ယခင်သရုပ်ဆောင်အမည် - နေအဉ္ဇရာ)  အနေနဲ့ ကလေးသရုပ်ဆောင် ဖြစ်ခဲ့ဖူးသူ ခြူးကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ကနေ တောင်းပန်စာရေးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်းပန်စာကိုလည်း တစ်ရက်နှစ်ရက်အတွင်းမှာ သူမရဲ့ ဖေ့စ်ဘွတ်ကနေ တင်ပေးသွားနိုင်အောင် လုပ်ပေးသွားမှာလို့ မီဒီယာများအင်တာဗျူးချိန်က ပြောခဲ့ပါတယ်။

play

 

ခြူး(ယခင်သရုပ်ဆောင်အမည် - နေအဉ္ဇရာ)  အကောင့်ဟာ နိုဝင်ဘာ(၁)ရက်နေ့ညက ပျက်သွားခဲ့တာကြောင့် ယခုလက်ရှိ မှာ စိန်ခြူးဆိုတဲ့ အကောင့်နာမည်နဲ့ အသုံးပြုနေတယ်လို့ သိရပါတယ်။

နေအဉ္ဇရာဟာ  သူမရဲ့ နာမည်ကို အာက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့ကစလို့ ခြူးလို့ နာမည်ပြောင်း လိုက်တာဖြစ် ပါတယ်။

play

 

'' ညီမကျတော့လေ ရှိခဲ့တယ်ဆိုတာကို သတိမထားမိဘူး ကြားတော့ ကြားမိတယ် ဒါပေမယ့်လည်း လုပ်တာကလည်း ကြာပြီပေါ့နော်။ အနုပညာလောကထဲမှာ မရှိတော့ဘူးဆိုတော့ ဒီနာမည်နဲ့ပဲ ကလေးလည်း သရုပ်ဆောင်တယ်၊ လူကြီးလည်း သရုပ်ဆောင်ပဲ ဆိုတာကို ဟိုတလောကမှ သိလိုက်ရတာပါ။ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာက ပရိသတ် သတိထားမိတဲ့ ခြူးလေးဆိုတဲ့ နာမည်ကို သဘောကျတယ်။ ဒါကို ပြန်မပြောင်းတော့ဘူးလား ဆိုပြီးတော့ တချို့တွေက မေးကြတယ် ဆုံးဖြတ်ချက် ချပြီးသားဖြစ်တဲ့အတွက် ဒါကိုပြန်မပြောင်းချင်တော့ဘူး၊ နေ့နံအရသာခြူးလေးလို့ရေးဖို့ မသင့်တော်လို့သာ ခြူးလို့ရေးလိုက်ရတာ။ တကယ်တမ်း ကိုယ့်ရဲ့ စိတ်ထဲမှာရော၊ ပရိသတ်ရဲ့စိတ်ထဲကိုရော ပေးချင်တဲ့ နာမည်က ခြူးလေးဖြစ်နေတဲ့အတွက် မတူဘူး၊ ပြီးတော့ သူက သရုပ်ဆောင် တစ်ယောက်  အနုပညာလောကထဲက ခြူးပေါ့နော်။ ညီမကျတော့  ဇာတ်လမ်းတွဲလောကထဲက ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ အသိအမှတ်ပြုပေးတဲ့ နာမည်ခြူးလေး ဖြစ်တဲ့ အတွက် မတူဘူးလို့တော့ ထင်ပါတယ်။'' လို့  သတင်းစာရှင်းလင်းပွဲမှာ ခြူးက Duwun Media ကို ဖြေကြားခဲ့ပါတယ်။

play

 

ခြူးပြဿနာများကတော့ အောက်တိုဘာလကုန်ရက်ပိုင်းလောက်က ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလို ပြန်ပြီး ပြေလည်သွားပြီဆိုတဲ့ အတွက် သူမတို့ ပရိသတ်တွေလည်း ဝမ်းသာနေကြတာကို တွေ့ရပါတယ်။

 

Photo : ရန်နောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD