အဆိုတော် အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဆီကို အချိန်မီမရောက်လာနိုင်တဲ့အတွက် နိုင်းဝမ်းက တောင်းပန်လိုက်တာ ဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့ ဖျော်ဖြေပွဲမှာ နိုင်းဝမ်းနဲ့အတူ သီချင်းဆိုဖို့ ဖိတ်ခေါ်ထားပေမယ့်နိုင်းဝမ်းကတော့ ပွဲကို အချိန်မီ မရောက်ရှိနိုင်ခဲ့ပါဘူး။

နိုင်းဝမ်းနဲ့ အိမ့်ချစ်တို့ အတူတွဲဆိုမယ့် သီချင်းကိုလည်း အိမ့်ချစ်တစ်ယောက်တည်း ဆိုခဲ့ရပါတယ်။

play

 

နိုင်းဝမ်းက အိမ့်ချစ်ရဲ့ ပွဲအမီ ပြင်ဦးလွင်မှာ ဆိုဆိုပြီးချင်း ရန်ကုန်ဆင်းလာဖို့အတွက် ပြင်ဆင်ထားပေမယ့် ကားတွေပိတ်နေတာကြောင့် ရောက်မလာဖြစ်ခဲ့တဲ့အတွက်ကိုလည်း အိမ့်ချစ်ကို တောင်းပန်းထားသလို ပရိသတ်တွေအားလုံးကိုလည်း ယခုလို တောင်းပန်ထားပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာရှည်ကြီး ရေးပြီး တောင်းပန်ထားတာလည်း ဖြစ်ပါတယ်။

play

 

ပွဲကို မရောက်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေသလို အဆိုတော် ဘဝမှာလည်း လက်ခံထားပြီးသား ပွဲတစ်ပွဲကို ဘယ်တုန်းက မပျက်ခဲ့ဖူးပေမယ့် အခုလို မျိုး ပထမဆုံး ပျက်ကွက်ခဲ့မိတဲ့အတွက်လည်း တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေကလည်း အိမ့်ချစ်နဲ့ နိုင်းဝမ်းတို့ အတူတွဲသီဆိုရမယ့် "ကမ္ဘာငယ်လေး" သီချင်းကို ဗီဒီယိုလေး ရိုက်ထားပြီး နိုင်းဝမ်းနဲ့သာ အတူဆိုမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

play

 

နိုင်းဝမ်းကတော့ လက်ရှိမှာ "တစ်ကိုယ်တော်"လို့ နာမည်ပေးထားတဲ့ စီးရီသစ်ကို ပြင်ဆင်နေပြီး သင်္ကြန်ပြီးလောက် ထွက်နိုင်ဖို့ ပြင်ဆင် နေတယ်လို့လည်း သိရပါတယ်။နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အား ပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Postby

 

Photo : နိုင်းဝမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video