၂၀၁၇ခုနှစ် တစ်နှစ်လုံးမှာ ဟာသကားတစ်ကားမှ မရိုက်ကူးဖြစ်တဲ့ ထွန်းထွန်းကတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် ဟာသကားမှာ ပါဝင်ရမယ်လို့ သိရပါတယ်။ အဲ့ဒီကားနာမည်ကတော့  ‘ငယ်ပါသေးတယ်’ ဇာတ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက်နဲ့လဲ အပြင်မှာသာ ခင်ပေမယ့်အလုပ်အတူတူမလုပ်ဘူးတဲ့ ထွန်းထွန်းအနေနဲ့ ဒီကားမှာတော့ ကိုပေါက်နဲ့လည်း ဆုံခွင့်ရခဲ့ပါပြီ။

play

 

ဟာသဇာတ်ကားတစ်ကားဖြစ်တဲ့  ‘ငယ်ပါသေးတယ်’ ဇာတ်ကားမှာတော့ ထွန်းထွန်းက သရုပ်ဆောင် နေနော်နဲ့ ညီအစ်ကိုပုံစံ သရုပ်ဆောင်ရမှာ ဖြစ်ပြီး သဘာဝကျကျနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရိုက်ကူးမယ်လို့ ဆိုပါတယ်။

"ဒါရိုက်တာကိုပေါက်နဲ့က အပြင်မှာသာ ခင်နေတာ။ ဒါရိုက် တာအနေနဲ့ သူ့ရဲ့လှုပ်ရှားမှုမှာ ပထမဆုံးသရုပ်ဆောင်ခြင်းလို့ ပြောလို့ရတယ်။ ကိုပေါက်နဲ့က ဒီလောကထဲ စဝင်ခါစ ဦးကျော် ဟိန်းဆီမှာ စရိုက်ကတည်းက ရင်း နှီးတယ်။ သူ တဖြည်းဖြည်းဒါရိုက် တာဖြစ်လာတဲ့ ကာလမှာ ကျွန် တော်အလုပ်မလုပ်ဖြစ်ဘူး။ ကျွန် တော်အလုပ်တွေ ပြန်လုပ်ဖြစ်တဲ့ နှစ်အပိုင်းအခြားကာလမှာ အရှေ့ ပိုင်းနှစ်တွေမှာ ဆုံဖို့ လွဲနေခဲ့ရာက ဒီကားမှာမှ စဆုံဖြစ်တာပါ’’လို့ သူက ဆိုပါတယ်။

play

 

ထွန်းထွန်းအနေနဲ့ ဒီနှစ်ထဲမှာ ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ(၁၈)ရက်နေ့ သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပမယ့် Back to Millennium ပွဲမှာ  Examplez အဖွဲ့အနေနဲ့ သီချင်းအများကြီး သီဆိုဖို့ ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။

Postby

 

Source : 7day Daily

Photo  : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video