သရုပ်ဆောင် ရွှေမှုံရတီဟာ နိုဝင်ဘာလ ၇ ရက်နေ့ညနေမှာ ဗီဒီယိုဖိုင်တစ်ခုတင်လိုက်ပါတယ်။

Postby

 

ရေကူးကန်ဘောင်ပေါ်နဲ့ ရေကူးကန်ထဲမှာ ရိုက်ထားတဲ့ အဲဒီဗီဒီယိုဟာ ၂၂ နာရီအတွင်းမှာ ကြည့်ရှုသူ ၂ သိန်းကျော်သွားပြီး Share ပေါင်း ၃,၈၀၀ ကျော်သွားပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး အသက်(၁၈)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။

Photo : ရွှေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video