သရုပ်ဆောင်  ခြူး(နေအဉ္ဇရာ) ကတော့ သူမရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့်  ကလေးသရုပ်ဆောင်ဖြစ်ခဲ့ဖူးသူ ခြူးကို စာရေးပြီး တောင်းပန်လိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ နာမည်နဲ့  ပတ်သက်ပြီး နိုဝင်ဘာ(၂)ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လူကြီးများရှေ့မှာ နှစ်ယောက်စလုံး ဖြေရှင်းခဲ့ကာ ပြန်ပြီး ပြေလည်မှုရရှိခဲ့ပြီးတော့ ခြူး(နေအဉ္ဇရာ)  က သူမရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် စာနဲ့ တောင်းပန်မယ်ဆိုပြီးတော့ အဲ့ဒီနေ့က ပြောခဲ့တာပါ။

play

 

အခုတော့ သူမပြောခဲ့တဲ့အတိုင်း ကလေး သရုပ်ဆောင်ဖြစ်ခဲ့ဖူးသူ ခြူးအတွက် တောင်းပန်စာ ရေးပြီး တောင်းပန်ခဲ့သလို သူမရဲ့ နာမည်ကို လည်း ခြူး(ခြူးလေး)ဆိုပြီး ပြောင်းလဲခြင်းကို သူမရဲ့ တောင်းပန်စာနဲ့အတူ တရားဝင်ကြေညာလိုက်တယ်ဆိုပြီး ပြောထားတာပါ။

"အနုပညာအမည်ကို

နေအဉ္ဇရာမှ

ခြူး(ခြူးလေး)ဟု ပြောင်းလဲခြင်းကိုဒီနေရာကနေ

တရားဝင်ကြေငြာပါတယ်ရှင်

မခြူး နဲ့က နားလည်မှုအချို့လွဲမှားခဲ့တာကြောင့် မခြူး ကို

စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်ရှင်

ခြူးလေးကို အားပေးတဲ့ ပရိသတ်အချို့ကြောင့်

မခြူးစိတ်အနှောက်အယှက်ဖြစ်ခဲ့တာ

ကြားသိခဲ့ရတဲ့အတွက်ကြောင့်လည်း

ခြူးလေးက ခြူးလေးချစ်တဲ့ပရိသတ်တွေကိုယ်စား မခြူးကို

ထပ်ဆင့်တောင်းပန်ပါတယ်ရှင့်

ခြူးလေးရဲ့

ပရိသတ်တွေ အနေနဲ့ကလည်း ပြဿနာအားလုံး

ပြေလည်သွားပြီ ဖြစ်လို့ နှစ်ဦးနှစ်ဖက်စလုံးကို အမုန်းပွါးစေမယ့် စကားလုံးများ ဂုဏ်သိက္ခာထိခိုက်စေမယ့်စကားလုံးများကို (comment)မှတ်ချက်များ မရေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့် အားလုံးကို အစဉ်လေးစားလျက်

ခြူး(ခြူးလေး)" ဆိုပြီး နိုဝင်ဘာ(၇)ရက်နေ့ ညက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

ခြူးပြဿနာများကတော့ အောက်တိုဘာလကုန်ရက်ပိုင်းလောက်က ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလို ပြန်ပြီး ပြေလည်သွားပြီဆိုတဲ့ အတွက် သူမတို့ ပရိသတ်တွေလည်း ဝမ်းသာနေကြတာကို တွေ့ရပါတယ်။

Photo : ခြူး (ခြူးလေး)ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video