အဆိုတော် ရွှေထူးက သူပထမဆုံးပါဝင်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့အတွက်လည်း ရွှေထူးတစ်ယောက် ရင်ခုန်တာထက် စိုးရိမ်စိတ်တွေပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူ့ကြောင့် ရုပ်ရှင်ရဲ့ ရသပျက်မှာ စိုးရိမ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားတာ ဖြစ်ပါတယ်။

play

 

"ပက်ပက်စက်စက်ညှို့  ၁၇.၁၁.၂၀၁၇ မှာစတင်ရုံတင်ပါတော့မယ်။ ကျွန်တော့်ရဲ့နောက်ထပ်ကြိုးစားမှုတစ်ခုပါ။ ရင်ခုန်တာထက် စိုးရိမ် စိတ်တွေပဲဖြစ်တယ် ။ 

ကျွန်တော့်ကြောင့် ရုပ်ရှင်ရသပျက်မှာကို စိုးရိမ်တယ် ။ ကျွန်တော် ချွတ်တားဘဝတည်းက ကြည့်ခဲ့ဖူးတဲ့ ... တစ်အိမ်သားလုံးလဲ သဘောကျရတဲ့ ပရိသတ်တွေချစ်ကြတဲ့ မင်းသားကြီးတစ်ယောက်နဲ့ သရုပ်ဆောင်ရတာ တကယ့်ကို ကျွန်တော့်အတွက် ခက်ခဲလွန်းခဲ့ပါတယ် ။ လိုအပ်ချက်တွေ အများကြီးကိုရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကြောင့် ရုပ်ရှင်တစ်ကား အရသာပျက်မှာ အရမ်းကို စိုးရိမ်လှပါတယ် ။

လိုအပ်ချက်များစွာကိုထောက်ပြပေးပါ ... ဝေဖန်ပေးပါ ... အကဲဖြတ်ပေးပါ ... မည်သည့်ဝေဖန်ချက်မျိုးမဆိုကျွန်တော်ကြိုဆိုပါတယ်ခင်ဗျာ အမှားယွင်းများရှိခဲ့လျှင် ရုပ်ရှင်ချစ်ပရိသတ်များအားလုံးကိုကြိုတင်တောင်းပန်ပရစေခင်ဗျာ ..."လို့ ဆိုထားပါတယ်။

play

 

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာ (၁၇)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင် ၊ ရဲအောင်၊ ချိုပြုံး၊ ထူးမွန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Postby

 

Photo : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video