AD
AD
AD

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုကတော့ စတင်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ(၅)ရက်နေ့ကတည်းက ဂန့်ဂေါမြို့မှာ စတင်ရိုက် ကူးနေတာ ဖြစ်ပြီး ပရိသတ်များစွာက ရိုက်ကွင်းရှိရာနေရာသို့ လာရောက်အားပေးကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ။်

ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ အသေလှသူ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

play

 

ပရိသတ်များရဲ့ အားပေးမှုက ရိုက်ကူးနေတဲ့ အနုပညာရှင်များအတွက် အားတိုက်စရာပါပဲ ။ များပြားလှတဲ့ ပရိသတ်များ လာရောက်ကြည့်ရှုတဲ့ မြင်ကွင်းကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ သြရသက Duwun Media ကို ယခုလို ပြောပြခဲ့ပါသေးတယ်။

play

 

'' ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် သေချာဂရုစိုက်ပြီးရေးခဲ့ရတယ်။ ခေတ်ကာလကလည်း ၁၉၅၉ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၉၁ ခုနှစ်ဆိုတော့ အဲ့ဒီခေတ်ကာလက ဝတ်ပုံစားပုံတွေ၊ ပတ်ဝန်းကျင်အနေအထားတွေကတော့ ဒီ မုန်းစွဲရုပ်ရှင်ဇာတ်ကားအတွက် ထူးထူးခြားခြား ပြင်ဆင်ခဲ့ရပါတယ်။

play

 

ဇာတ်ညွှန်းရေးဆရာ ကိုလွင်မင်းကလည်း ဒီဇာတ်ကားထဲမှာ Art Director အဖြစ်တာဝန်ပေး ခဲ့တယ်။ သူနဲ့ ကျွန်တော်နဲ့ ညှိနှိုင်းပြီးတော့ လိုချင်တဲ့ပုံစံတွေကို ဒီဇိုင်းဆွဲခဲ့တယ်။ Location တွေဆိုရင်လည်း ဇာတ်နဲ့ အံဝင်ဂွင်ကျဖြစ် မယ့် နေရာကို ရွေးချယ်တဲ့အခါ ဂန့်ဂေါကိုရွေးခဲ့တယ်။ အရမ်းကိုဝေးတဲ့နေရာ ဖြစ်တယ် ပရိသတ်အတွက်လည်း Location အသစ် အဆန်း တွေကို ကြည့်ရမယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့က ပါဝင်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုးနဲ့ ဖွေးဖွေးကို "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ဇာတ်ကားအပြီး သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံစေခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD