AD
AD
AD

ဂျပန်ကို အရမ်းသွားချင်ခဲ့တဲ့ နေခြည်ဦးတစ်ယောက် ဂျပန်ကို ရောက်နေတဲ့အတွက် ပျော်လို့နေပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Beaut Blogger ဖြစ်တဲ့ နေခြည်ဦးကတော့ Shiseido နဲ့အတူ ဂျပန်နိုင်ငံကို သွားပြီးတော့ အသစ်ထွက်မယ့် Shiseido ပစ္စည်းသစ်များကို သွားရောက်လေ့လာခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၅)ရက်နေ့ကတည်းက ဂျပန်ကို ရောက်နေတာဖြစ်ပြီး နိုဝင်ဘာ(၁၂)ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။

play

 

Shiseido ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို နေခြည်ဦးက တက်ရောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ နေခြည်ဦးနဲ့အတူ နေခြည်ဦးရဲ့ မိခင်လည်း ဂျပန်ကို ပါသွားတယ်လို့ သိရပါတယ်။

နေခြည်ဦးကတော့ ဂျပန်ကို ရောက်တုန်းက သူမစားချင်တာတွေ သွားချင်တဲ့နေရာတွေကိုသွားနေပါတယ်။

play

 

ဒီနေ့မှာလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အပြင်လျှောက်လည်နေတဲ့ ပုံလေးတွေကိုလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် တင်ထားတာ တွေ့ရပါတယ်။

နေခြည်ဦးရဲ့ ပရိသတ်တွေအတွက် သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

play

 

ဂျပန်ကိုရောက်သွားရင်လည်း ပရိသတ်တွေအဆက်အသွယ်မပြတ်အောင် နေသွားမယ်လို့ သူမ ပြောခဲ့တဲ့ အတိုင်း ဂျပန်ရောက်နေတုန်း သူမရဲ့ လှုပ်ရှားမှု အားလုံးကိုလည်း ပရိသတ်တွေကို ပြောပြလျက်ရှိပါတယ်။

 နေခြည်ဦးဟာ လူငယ်အများစုကြားထဲမှာ ရေပန်းစားနေတဲ့ Beauty Blogger တစ်ဦးဖြစ်ပါတယ်။

Photo : နေခြည်ဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD