ဒီနေ့ (နိုဝင်ဘာ၉ရက်)ကတော့ သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ သမီးလေးရဲ့ (၃)နှစ်ပြည့် မွေးနေ့လေး ဖြစ်ပါတယ်။ သမီးလေးရဲ့ (၃)နှစ်ပြည့် မွေးနေ့လေးမှာ သရုပ်ဆောင်မျိုးစန္ဒီကျော်က ဆုတောင်းစကားလေးကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားခဲ့ပါတယ်။

play

 

"Happy Birthday ပါမေမေ့သမီးလေးရေ    

ဒီနေ့မနက်၈နာရီဆိုရင်မေမေ့ဘဝထဲကိုသမီးလေးဝင်လာတာ(၃)နှစ်ပြည့်ခဲ့ပြီနော် သမီးလေးကမေမေ့အတွက် စိတ်ချမ်းမြေ့ရခြင်း တွေနဲ့ကံကောင်းခြင်းတွေကိုယူဆောင်လာတဲ့သမီးလေးပါ သမီးလေးရဲ့ရှေ့ဘဝတစ်လျှောက်လုံးအခက်အခဲတွေ ဒုက္ခတွေ အန္တရာယ်တွေကိုမေမေရင်ဆိုင်ပြီးဖြေရှင်းပေးသွားမယ်နော် သမီးလေးရဲ့ဘဝတစ်လျှောက်လုံး အရာရာကို ဉာဏ်ပညာနဲ့ဖြေရှင်းနိုင်တဲ့ အမှားအမှန်ကိုရဲရဲဝင့်ဝင့်ဆုံးဖြတ်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ထူးချွန်ထက်မြတ်သော သမီးလေးဖြစ်ပါစေ သမီးလေးကိုမေမေအရမ်းချစ်တယ်နော်"ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီစာလေးတွေနဲ့အတူ သမီးလေး မွေးစကနေ (၃)နှစ်အရွယ် ရောက်တဲ့အထိ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပါတယ်။

မျိုးစန္ဒီကျော်ရဲ့ သမီးလေး နာမည်ကတော့ အိမ်စည်မြင့်မိုရ်ကျော်လို့ ပေးထားသလို အိမ်ခေါ်နာမည်ကတော့ Jowel လို့ ခေါ်တယ်လို့ သိရပါတယ်။

play

 

မျိုးစန္ဒီကျော်ကတော့ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေတာကတော့ (၃)နှစ်လောက် ရှိပါပြီ။ ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကတော့ (၅)နှစ်လောက် ရှိပြီလို့ သိရပါတယ်။

သူမက အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သမီးလေးကတော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာလည်း တွေ့ရပါတယ်။

Postby

 

Photo : မျိုးစန္ဒီကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video