AD
AD
AD

သဉ္ဇာနွယ်ဝင်းကတော့ သားဦးလေးကို နိုဝင်ဘာ(၇)ရက်နေ့က သဘာဝအတိုင်း မွေးဖွားလိုက်တာ ဖြစ်ပါတယ်။ သားလေးကို ဝိတိုရီယဆေးရုံမှာ မွေးဖွားလိုက်တာ ဖြစ်ပြီး ဒီနေ့(နိုဝင်ဘာ၁၀ရက်)ဆိုရင် သားလေးဟာ သုံးရက်သားလေး ဖြစ်နေပါပြီ။

သားဦးလေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံကတော့ ပျော်မဆုံးဖြစ်လို့နေပါတယ်။

play

 

သုံးရက်သားလေးနဲ့ အလှဓာတ်ပုံလေးတွေလည်း ရိုက်ကူးထားတာတွေ့ရပါတယ်။အဲ့ဒီပုံလေးတွေကိုတော့ My Dream Wedding ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ နိုဝင်ဘာ(၅)ရက်နေ့က တင်ထားတာ ဖြစ်ပါတယ်။

သားလေးကို ကြည့်မဝဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးများကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

play

 

သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံဟာ ကလေး ၃ ယောက် ဆက်တိုက်ယူဖို့ စဉ်းစားထားလို့ ရိုးရိုးပဲမွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောခဲ့ဖူးပါတယ်။။

"ရိုးရိုးမွေးလို့ရှိရင် တစ်နှစ် လောက်နေပြီးရင် ကလေးထပ်ယူ လို့ရတယ်။ ခွဲမွေးရင်က ၂ နှစ်၊ သုံးနှစ်လောက်နေမှ ထပ်ယူလို့ရတယ်ဆိုတော့ ကိုယ်က ကလေးကို သုံးယောက်ယူချင်တာဆို တော့ ကလေးကို တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာချင်လို့ တစ်ခါတည်း ပေါင်းထိန်းလိုက် ချင်လို့ပါ" လို့ သူမက 7day Daily ကို ဖြေဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

 

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။

Postby

 

Photos : My Dream ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD