တောင်ကြီးကို ရောက်နေတဲ့ ခင်လေးနွယ်တစ်ယောက် ခရီးသွားနေရရင်ကို ပျော်နေတာပါ။ ခရီးတွေ ဆက်တိုက် ဆိုသလို သွားဖြစ်နေတဲ့ သူမက တောင်ကြီးကို ရောက်နေတာ ဖြစ်ပြီး လယ်တောအိမ်လေးကိုလည်း သွားရောက်ခဲ့ပြီး အလှဓာတ်ပုံတွေ အများကြီး ရိုက်ကူးခဲ့ပါတယ်။

သူမရဲ့ ပရိသတ်တွေကိုလည်း တောင်ကြီးရောက်ရင် အဲ့ဒီအိမ်လေးဆီသို့ မဖြစ်မနေ သွားကြနော်ဆိုပြီးတော့လည်း တိုက်တွန်းထားပါတယ်။

play

 

"လယ်တောအိမ်တဲ့ အရမ်းချစ်စရာကောင်းတယ် ❤️❤️

တောင်ကြီးရောက်ရင် မဖြစ်မနေသွားကြနော်

ခင်ခင်ကတော့ လေဆိပ်သွားတဲ့ချိန် အချိန်မရလို့ ခဏလေးဝင်ခဲ့ရတာ နောက်တစ်ခေါက်ထက်သွားအုံးမယ်ကွာ

ပို့ပေူတဲ့ သူတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီး လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

သူမရိုက်ကူးထားတဲ့ ပုံလေးတွေကို ကြည့်ခြင်းအားဖြင့် အဲ့ဒီအိမ်လေး ဘယ်လောက်သာယာလိုက်မလဲဆိုတာကို မြင်တွေ့ရမှာပါ။ သူမရဲ့ ပရိသတ်တွေအတွက် သူမအလည်သွားထားတဲ့ လယ်တောအိမ်လေးကိုလည်း တွေ့ရအောင်ပုံလေးတွေ တင်ပေးလိုက်တယ်နော်။

play

 

ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုကတော့ သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖက်ရှင်ဆိုင် နာမည်ကတော့KAY Fashion & Fabric House ဆိုတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ အခုထက်ရှိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာလည်း ဒီဇိုင်နာသင်တန်းလေးတွေ တက်ပြီးတော့ သူမကိုယ်တိုင်အဝတ်အစားလေးတွေကို ချုပ်ဖြစ်နေတာလည်း တွေ့ရပါတယ်။

Postby

 

Photo : ခင်လေးနွယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video