ချောက်မြို့ တန်ဆောင်မုန်းပွဲတော် မဟာအေးစေတီဘုရားပွဲတော်မှာ စိန်မဟာသဘင်နဲ့အတူ ဇွန်သဉ္ဇာရဲ့ သီဆိုဖျော်ဖြေမယ်ဆိုပြီးတော့ ကြေညာထားပေမယ့် မြို့နယ် သဘင်အစည်းအရုံးက ဇွန်သဉ္ဇာရဲ့ ဖျော်ဖြေမှုကို ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ပွဲကြော်ငြာကို (၃)ရက်၊ (၉)ရက် ကတည်းက ကြော်ငြာထားခဲ့တာ ဖြစ်ပါတယ်လို့ ချောက်မြို့မှ ပွဲငှားစီစဉ်သူက ယခုလို ပြောပြထားပါတယ်။

play

 

“ပွဲကြော်ငြာကို ၃ ရက် ၉ လ ပိုင်းကတည်းက ကြော်ငြာထားခဲ့တာပါ။ ဂေါပက အနေနဲ့ကတော့ ပွဲတော်အစည်းအဝေးမှာကတည်းက နိုင်ငံတော်က ခွင့်ပြုရင် သူတို့သဘောကတော့ ဇွန်သဉ္ဇာကို ပိတ်ပင်မှုမရှိပါဘူးလို့ ပြောထားပြီးတော့ ကျနော်လည်း ထည့်ခဲ့တာပါ။ အခုဟာက မြို့နယ်သဘင် အစည်းအရုံးက ပိတ်လိုက်တဲ့ ဖြစ်ရပ်ပါ။ မြို့နယ်သဘင်အစည်းအရုံးကလည်း မကွေးတိုင်းသဘင်ဥက္ကဋ္ဌ မင်းသား ခန့်ကို ကနေပြီးတော့ ချောက်သဘင် အစည်းအရုံးကို စာဝင်စာထွက်မဟုတ်ဘဲ ဖုန်းနဲ့ ပြောပိတ်ခိုင်းလို့ ပိတ်ရတယ်ဆိုတာ သိရပါတယ်”  ဆိုပြီးတော့ DVB ကို ဖြေဆိုထားတာ ဖြစ်ပါတယ်။

play

 

ဇွန်သဉ္ဇာရဲ့ ဝတ်စားဆင်ယင်မှု ဖျော်ဖြေတင်ဆင်မှုတွေဟာ မြန်မာ့ သဘင်စင်မြင့်နဲ့ အပ်စပ်မှု မရှိခြင်း၊ ဗုဒ္ဓပူဇနိယ ပွဲတော်တွေရဲ့ ပုံရိပ်ကို ကျဆင်းစေခြင်းတို့ကြောင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)က တရားဝင်ခေါ်ယူသတိပေးခြင်းနဲ့ ခံဝန်ကတိတွေကို အကြိမ်ကြိမ်ဖောက်ဖျက်ပြီး လိုက်နာမှု မရှိလို့ သူ့ရဲ့ ဖျော်ဖြေမှုတွေကို  မြန်မာ့ဇာတ်သဘင်စင်မြင့်မှာ ကပြဖျော်ဖြေခြင်းကို ကန့်ကွက်ကြောင်း ချောက်မြို့နယ် သဘင်အစည်းအရုံး စာအမှတ်(၀၈၅) နိုဝင်ဘာ(၇)ရက်၊၂၀၁၇ ပါအရ သိရပါတယ်။

Source & Photo : DVB ၊ ဇွန်သဉ္ဇာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video