ကွယ်လွန်သူ ဆရာမ ဒေါ်ဆွေဆွေဝင်း (ET) အတွက် ၂ လပြည့်အလှူဒါနကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေမှာ စည်ဖြိုးတို့မိသားစုက ပြုလုပ်နေတာဖြစ်ပါတယ်။

play

 

စည်ဖြိုးရဲ့မမနဲ့ ယောက်ဖကလည်း အအေးဒါနပြုတယ်လို့ စည်ဖြိုးက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ပိုမိုမြင့်မြတ်တဲ့ ဘုံဘဝမှာ  ကျန်းမာသန်စွမ်းခြင်း အဟာရပြည့်စုံစေရန် အာဟာရဒါနပြုလုပ်ခြင်းဖြစ်တယ်လို့ စည်ဖြိုးက ဆိုထားပါတယ်။

play

 

ယင်းအလှူဒါနကို သင်္ဃန်းကျွန်း၊ ဇဝနလုံးချင်းအိမ်ယာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကြက်သားနဲ့ အာလူး၊ သီးစုံပဲကုလားဟင်း၊ သရက်ချဉ်သုပ်၊ ငါးပိထောင်းတို့ကို ကျွေးမွေးတာဖြစ်ပါတယ်။

ညနေ ၃ နာရီ ၄၅ မိနစ်မှာ အကျွေးအမွေးအစီအစဉ်စတင်ပြီး မည်သူမဆို ဝင်ရောက်သုံးဆောင်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ် ဆရာမအီးတီ(ခ)ဒေါ်ဆွေဆွေဝင်းက စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၄း၂၀)မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာမအီးတီဟာ အကြားအမြင်ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူမရှိစဉ်အခါက သာသနာပြု လူသားတို့အား ကယ်တင်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ဆရာမအီးတီရဲ့ ဗေဒင်ဟောကြားမှုဟာ အခုဆို နှစ်ပေါင်း ၃၀ ကျော်လာပြီ ဖြစ်သလို ဟောကြားမှုကနေ ရရှိလာတဲ့ ငွေကြေးတွေကနေ အီးတီဖောင်ဒေးရှင်း တခု တည် ထောင်ပြီး မျက်စိ လူနာရှင် များစွာကိုလဲ အခမဲ့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photos : စည်ဖြိုးဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video