ဝိုင်းစုခိုင်သိန်းကတော့ သူ့နားမှာ တစ်ချိန်လုံး လိုက်ကပ်နေတဲ့ ကောင်လေး တစ်ယောက်ကို ထုတ်ပြလိုက်ပါတယ်။ အဲ့တစ်ယောက်ကတော့ ပရိသတ်တွေလည်း မြင်ဖူးနေတဲ့သူပါ။ အဆိုတော် အောင်လဖြစ်ပါတယ်။

အောင်လနဲ့ ဝိုင်းစုတို့ နှစ်ယောက်ဟာ အခုနောက်ပိုင်း အတူတူ ခရီးတွေ ထွက်ဖြစ်နေတာလည်း တွေ့ရပါတယ်။ သူတို့ ချစ်သူနှစ်ဦး ခရီးသွားထားတဲ့ ပုံလေးတွေ အားလုံး ကို စုစည်းထားပြီးတော့ ဝိုင်းစုရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

play

 

ဓာတ်ပုံလေးတွေနဲ့အတူ "သူပေါ့ အနားမှာတချိန်လုံး လိုက်ကပ်နေတာ" ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာ ဖြစ်ပါတယ်။ သူတို့ အတူ သွားထားတဲ့ ဓာတ်ပုံတွေ အားလုံးကို Album လေးလုပ်ကာ တင်လိုက်တာ ဖြစ်ပါတယ်။

သူတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

ဝိုင်းစုကတော့ လက်ရှိမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်အလုပ်တွေ ရှုပ်နေပါတယ်။ ဝိုင်းစုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမယ့် ရက်ကတော့ နီးကပ်လို့ လာပါပြီ။

ဒီဇင်ဘာ(၂၄)ရက်နေ့ သူမရဲ့မွေးနေ့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဖို့ စီစဉ်ထားတဲ့ ဝိုင်းစုကတော့ အခုဆိုရင် သီချင်းတွေစတင်တိုက်နေပြီလို့ သိရပါတယ်။

play

 

သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကတော့ ပရိသတ်များရဲ့ တောင်းဆိုမှုအရ ရန်ကုန်အပြင် မန္တလေးမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ပြီးတဲ့ခဲ့ နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ "ဂါ" တေးစီးရီး DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မီမှာ ဖြန့်ချိသွားမယ် လို့လည်း သိရပါတယ်။

play

 

အခွေအတွက်လည်း ပြင်ဆင်နေသလို တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်သလို အလုပ်တွေလည်း ရှုပ်နေပါတယ်။

ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ သူမကတော့ ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် မွေးနေ့မှာတော့ ကျင်းပမယ့် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ယခုလို ပြောပြထားပါတယ်။

Postby

 

Photo : ဝိုင်းစု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video