အသက်ရှည်ဆေးဆိုတဲ့ သီချင်းလေးကို မနောသီဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီးနောက် ဝေဖန်မှုတွေ များစွာကို ခံနေပါတယ်။ တေးရေးဆရာ သဟာအောင်ရေးသားထားတဲ့ "အသက်ရှည်ဆေး" ဆိုတဲ့ သီချင်းကို မနောက ဝယ်ယူသီဆိုခဲ့ပေမယ့် မနောမတိုင်ခင် မြန်မာသံစဉ် အဆိုတော် တစ်ယောက်က သီဆိုဖူးတာကြောင့် ပရိသတ်တွေ တချို့က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

play

 

အဲ့ဒီသီချင်းကို တေးရေးဆရာ သဟာအောင်က တက်သစ်စ အဆိုတော်တစ်ဦးကို ရောင်းခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

"ကျွန်တော့်သူငယ်ချင်း တေးရေးသဟာအောင်ဟာ ငွေနောက်လုံးဝမလိုက်ပါဘူး ဖြူစင်တယ် သီချင်းလာဝယ်သူအားလုံးကို တစ်ပြေးညီရေးပေးတယ်။ သူဒီသီချင်းလေးစရေးပြီး ကျွန်တော်ကိုဆိုပြတာ ၃နှစ်ကျော်လောက်ရှိပါပြီ။ သူရယ် သူ့သူငယ်ချင်း ဇော်ကြီးရယ် ဆိုမယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ဆိုတီးပြီးတင်ထားဖူးပါတယ် ။ အဲဒါနဲ့ဒီသီချင်းလေးကို ကျွန်တော်မဝယ်ခဲ့တာ သူဆိုမယ့်သီချင်းလေးမို့ တခြားတစ်ယောက်ကိုရောင်းလိုက်တော့လည်း သီချင်းလေးက ရေး ဆို အတီး ရိုက်ကူးရေး အားလုံးကောင်းပါတယ် ။

ကျွန်တော်တို့တေးဆိုတွေဟာ တေးရေး ဘက်ကိုကိုယ်ချင်းစာပေးရပါမယ် တေးရေးတစ်ယောက် သီချင်းတစ်ပုဒ် ရောင်းပြီးရင် နောက်တစ်ယောက်ကို ၆ လကျော်ရင်ရောင်းချခွင့်ရှိပါတယ်။ သီဆိုခွင့်ပဲရောင်းချထားတာပါ မူပိုင်ရောင်းထားတာ မဟုတ်ဘူးဆိုတာသိသင့်ပါတယ်ဗျာ။ သဟာအောင်ဟာဒီသီချင်းလေးကို အချိန်တစ်ခုထိစောင့်ပေးထားပါတယ် ။ အားလုံးအပေါ် စေတနာထားပါတယ်။ ခုဆိုလျင်၂ နှစ်ကျော်ပါပြီ ကျွန်တော် အလှူတော်သီချင်းလေး ရှေ့ကသူဝယ်ထားတာပါအလှူတော်သီချင်းတောင် ၃နှစ်ဝန်းကျင်ရှိနေပြီ လေဟောင်းတောင်နေပါပြီဗျာ ။

တေးရေးတစ်ယောက် ဘဝစားဝတ်နေရေးနဲ့ အနုပညာကိုတေးဆိုသူက ငွေရှိလို့သီချင်းဝယ်ထားပြီး ဆက်မလုပ်ဖြစ်လျင် တေးရေးရဲ့ အနုပညာပါသေတယ်လေ ပြီးတော့ မြန်မာသံစဉ်တွေကိုသူဈေးကြီးမယူရှာပါဘူး ခုသီချင်းလေးဆိုရင် သူရောင်းခဲ့စဉ်က တစ်ပုဒ်မှ အနုပညာကြေး (၅၀၀၀၀)ငါးသောင်းပဲယူရှာတယ်ဗျာ။  ဒီငါးသောင်းနဲ့ဘယ်နှနှစ်ထိုင်စားရမှာလဲ စဉ်းစားကြည့်ပါအုန်း အမှန်တရားရော ကိုယ်ချင်းစာစိတ်ရောမွေးသင့်ပါတယ် မိမိဘက်ကပဲအမြင်တစ်ခုထဲမကြည့်ပါနဲ့ခင်ဗျာ     သူငယ်ချင်းသဟာအောင်ရေ ငါဒီသီချင်းလေးဝယ်ဆိုမိတာတောင်းပန်ပါတယ်ကွာ မင်းမှာအပြစ်မရှိပါဘူး" ဆိုပြီး ရေးသားထားတာပါ။

play

 

မနော သီဆိုထားတဲ့ အသက်ရှည်ဆေးဆိုတဲ့ သီချင်းလေးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပြီး ကြည့်ရှုသူ နှစ်သိန်း ကျော်လောက်ရှိခဲ့ပါတယ်။

Photo : မနော ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video