အနုပညာလောကမှာ ရွှေမှုံရတီဆိုတဲ့ နာမည်နဲ့ နေရာတစ်ခုရအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ သူမရဲ့ ဆရာတွေကို ရိုသေစွာ ကန်တော့လိုက်ပါတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဆရာတွေရဲ့ ကျေးဇူးကြောင် အခုဆိုရင် သူမဟာ အနုပညာလောကထဲ သို့ ရောက်ရှိခဲ့တာ (၆)နှစ်တာ ဆိုတဲ့ အချိန်ကို ရောက်ရှိခဲ့ပါပြီ။

play

 

ယုံကြည်စွာ မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာ(၅)ယောက်စလုံးကိုလည်း ကျေးဇူးတင်ကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလိုရေးသားထားပါတယ်။

"သမီးရဲ့ကျေးဇူးရှင်အနုပညာပျိုးခင်းကဆရာ၅ယောက်လုံး

သမီး ကိုယုံကြည်စွာမြေတောင်မြှောက်ပေးခဲ့တာအခု ဆို ၆ နှစ်ပြည့်ခဲ့ပါပြီ။

ကျေးဇူးတင်စွာဖြင့်ကန်တာ့လိုက်ပါတယ်။ သမီးဒီထက်ကြိုးစားပါ့မယ်

သမီးဆရာ၅ယောက် လုံးကို အရမ်းချစ်ပါတယ်။ (အန်ကယ်လေး /ကိုခန့်/ကိုနေတိုး/ကိုတီ/ကိုမြင့်မြတ် )

အနုပညာပျိုးခင်းကဆရာငါးယောက်ရဲ့

ထာဝရ တပည့်

ရွှေမှုံရတီ

ကြိုးစားလျှက်"ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီးတွေ (၃)ယောက်ထဲမှာမှ သူမဟာ အငယ်ဆုံး မင်းသမီးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့်လည်း သူမရဲ့ ကြိုးစားမှုကြောင့်အခုဆိုရင် ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်လို့နေပါပြီ။

အသက်(၁၈)နှစ်ကျော်သာ ရှိသေးတဲ့ ရွှေမှုံဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။

play

 

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။

Postby

 

Photo : ရွှေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video