နေတိုးကတော့ ကျန်းမာရေးမကောင်းတဲ့ ကလေးလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့ပါတယ်။ ဆေးကုသဖို့အတွက် ရခိုင်ကနေ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆောင်လာတဲ့ (၁၅)နှစ်အရွယ် ကလေးဟာ နေတိုးကို တွေ့ချင်တယ်ဆိုပြီး တောင်းဆိုလာတာ ဖြစ်ပါတယ်။

play

 

"ပက်ပက်စက်စက်ညှို့ ရုပ် ရှင်ဇာတ်ကားအတွက် စုံတွဲကြော် ငြာကို တွေ့လို့ဆိုပြီး ဧရာဝတီ ဖောင်ဒေးရှင်းက အစ်ကိုတို့ကို ဆက်သွယ်လာတယ်။ သူတို့က ဝင်ပြိုင်တဲ့လူတော့မဟုတ်ဘူး။ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ခေါ်လာတဲ့ (၁၅)နှစ်အရွယ် ကလေးက ကိုနေတိုးနဲ့ တွေ့ချင် တယ်လို့ပြောလို့ ကလေးရဲ့ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်မလားလို့ အကူအညီတောင်းတာ’’ ဆိုပြီး ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ဝေမင်းမောင်က ပြောပြတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နေတိုးဆီကို ဆက်သွယ်ပြီး ကလေးလေးရဲ့ အကြောင်းအရာကို ပြောပြခဲ့ကာ နေတိုးက နိုဝင်ဘ(၁၃)ရက်နေ့မှာ ကလေးကို သွားရောက်တွေ့ဆုံမယ်ဆိုပြီး ကိုဝေမင်းမောင်ကို ပြန်လည်အကြောင်းကြားခဲ့ပါတယ်တဲ့။

play

 

ယင်းကလေးငယ်က အကြောနဲ့ ကြွက်သားအားနည်းတဲ့ ဝေဒနာကို ခံစားနေရတာ ဖြစ်ပြီး နိုဝင်ဘာ(၂)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ဆေးကုသဖို့အတွက် ရန်ကုန်ကို ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ဝေမင်းမောင်က ဆိုပါတယ်။

နေတိုးကတော့ လက်ရှိမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေတဲ့ " မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေပါတယ်။ အဲ့ဒီကားမှာ ကျော်ကျော်ဗို၊ မင်းသွေး၊ဖွေးဖွေး၊အေးဝတ်ရည်သောင်းတို့နဲ့အတူ ဂန့်ဂေါမြို့မှာ သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : နေတိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video