Local Celebrity: ပရိသတ်ရဲ့ အားပေးမှုကြောင့် စိတ်လှုပ်ရှားခဲ့ရတဲ့ အိချောပို

နိုဝင်ဘာ(၁၀)ရက်နေ့က ရုံတင်ပြသခဲ့တဲ့ ‘အမည်ပေါက်နှင့်ကျူး’ ဇာတ်ကားအပေါ် ပရိသတ်တွေ အားပေးမှုကတော့ တခဲနက်ပါပဲ။

အဲ့လို ပရိသတ်များရဲ့ အားပေးမှုကြောင့် ယင်းဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားသူ အိချောပို တစ်ယောက်ကတော့ စိတ်လှုပ်ရှား မိတယ်လို့ ဆိုပါတယ်။

play

 

‘‘ပရိသတ်တွေနဲ့တွေ့ရတဲ့ အတွက် အများကြီးလည်းရင်ခုန် တယ်။ ပျော်လည်းပျော်တယ်။ စိတ်လည်းလှုပ်ရှားတယ်။ ပရိ သတ်တွေကလည်း လက်မှတ်ထိုး ပွဲတိုင်း အမြဲလာတယ်။ အိချော ကားလေးတွေရုံတင်တိုင်း တစ် ကားနဲ့တစ်ကားကလည်း မတူ ဘူး။ ဇာတ်လမ်းကလည်း မတူတဲ့ အတွက် ပရိသတ်တွေကလည်း တင်သမျှကားတိုင်းလိုလိုအားပေး နေကြတာပါပဲ။ သူတို့က အိချော ပွဲတိုင်းလာတွေ့တယ်။ တချို့ဆို နယ်ကလာတဲ့ သူတွေတောင် ရှိ ပါတယ်။ အဲဒီအတွက်ကျေးဇူး တင်ပါတယ်’’  ဆိုပြီး ပြောပြထားတာပါ။

play

 

အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကား ဖန်တီးသူများနဲ့ ပရိသတ်များ တွေ့ဆုံလက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ(၁၃)ရက်နေ့က ရှေ့ဆောင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယင်းဇာတ်ကားဟာ ဟာသနဲ့ ဒရာမာ ဇာတ်ကားဖြစ်ပြီး အိချောပိုကတော့ ကျူးကျော်ရပ်ကွက်နေ ပန်းသည်မလေးပတ္တမြားအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

play

 

အိချောပိုကတော့ လက်ရှိမှာ ဖွတ်ကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်နဲ့အတူ ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

‘‘ကလောမှာ ဖခင်ဆိုတဲ့ရုပ် ရှင်ကားကြီး သွားရိုက်ဖို့ရှိပါ တယ်။ ကိုလွင်မိုးပါမယ်။ ကိုမြင့် မြတ်ပါပါမယ်။ ဟာသကားလေး ပါပဲ။ အဲဒါပြီးရင် ပုပ္ပားမှာ ရုပ်ရှင် ကားတစ်ကားရှိမယ်။ ပြီးရင် ပြင် ဦးလွင်မှာလည်း ကားတစ်ကား ရှိပါမယ်။

Postby

 

ဗီဒီယိုကတော့ ကြား ထဲမှာ ရန်ကုန်ပြန်ရောက်လို့ အားတဲ့ရက်နဲ့ တိုက်တာနဲ့ ဗီဒီယို ကားလေးတွေရိုက်ဖြစ်ပါတယ်’’လို့ ဆိုပါတယ်။

Source : 7day Daily

Photo  : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ