Local Celebrity: ကျောင်းထားပေးခဲ့တဲ့ ကျောင်းသားလေး ဆရာဝန်ဖြစ်သွားလို့ ဂုဏ်ယူနေတဲ့ ပြေတီဦး

ပြေတီဦး ဖောင်ဒေးရှင်းက တာဝန်ယူပေးတဲ့ ဆေးကျောင်းသားလေး ဖြစ်ပါတယ်။

ပြေတီဦးကတော့ သူတို့ ဖောင်ဒေးရှင်းကနေ တာဝန်ယူကျောင်းထားပေးခဲ့တဲ့ ဆေးကျောင်းသားလေး  ဆရာဝန်ဖြစ်သွားလို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ သူအတွက် အဲ့ဒီသတင်းလေး ကြားရတာဟာ မင်္ဂလာရှိလိုက်တာဆိုပြီးတော့ ပြောထားပါတယ်။ 

အဲ့ဒီ ဆရာဝန်လေးဟာ ဆရာဝန်ဖြစ်သွား ပေမယ့် လည်း ဖောင်ဒေးရှင်းကို အဆက်မဖြတ်ပဲ ဖောင်ဒေးရှင်းကနေ ဆရာဝန်ဖြစ်သွားတာကို ရှက်စရာလို့ မမြင်ပဲ ဂုဏ်ယူနေတဲ့ ညီလေး အတွက် ပြေတီဦးကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဆုတွေ ပေးထားသလို သူ့အကြောင်းလေးလည်း ရေးထားပါသေးတယ်။

play

 

"ကြားရတဲ့သတင်းကမင်္ဂလာရှိလိုက်တာ...ဖောင်းဒေးရှင်းကတာဝန်ယူပေးခဲ့တဲ့ဆေးကျောင်းသား..

အခုတော့ ဆရာဝန်ဖြစ်နေပြီ နှစ်စဉ် ဖောင်ဒေးရှင်းနှစ်ပတ်လည်တွေ့ဆုံပွဲတွေမှာ မပြည့်စုံတာ ရှက်စရာမဟုတ်တဲ့အကြောင်း...

အခက်အခဲကြားထဲက အောင်မြင်အောင်ကြိုးစားနိုင်တာက ပိုတန်ဘိုးရှိကြောင်း..သူ့ဘဝ ဘယ်လောက်ထိ မပြည့်စုံမှုတွေနဲ့ ကြိုးစားခဲ့ရကြောင်း ဖောင်ဒေးရှင်းက သူ့ရဲ့ ဂျူနီယာ ကလေးတွေကို အမြဲပြောပြတတ်တဲ့သူ...

အခုတော့ကြည့်ပါဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တာဝန်နဲ့ သွားနေရတယ်တဲ့...ကြည်နူးပြီးဝမ်းသာလိုက်တာလေ.။

ဒါ့အပြင် နိုင်ငံအတွက် ပရဟိတ လုပ်ငန်းတွေလည်း အများကြီးလုပ်နေတာတွေ ကြားသိနေရတယ်...

ဆရာဝန်ဖြစ်သွားပေမယ့် ဖောင်ဒေးရှင်းကို အဆက်မဖြတ်ပဲ...ဖောင်ဒေးရှင်းကနေ ဆရာဝန်ဖြစ်သွားတာကို ရှက်စရာ မဟုတ်ပဲ ဂုဏ်ယူစရာလို့ ခံယူနိုင်တဲ့ ညီလေး..ဘဝမှာ အဆပေါင်းများစွာ အောင်မြင်တိုးတက်ပါစေ....နိုင်ငံအကျိုးကို အများကြီးထမ်းဆောင်နိုင်တဲ့သူဖြစ်ပါစေ...."ဆိုပြီး ပြောထားတာပါ။

play

 

အဲ့ဒီ ညီလေးအတွက် ပြေတီဦးကလည်း ဂုဏ်ယူလို့နေပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေပွဲကိုလည်း ၂၀၁၁ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ အနုပညာရှင်တွေများစွာနဲ့ ကျင်းပခဲ့ပါတယ်။

play

 

နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိရာ ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာနှစ်အတွက်ကိုလည်း ဖောင်ဒေးရှင်း က ထောက်ပံ့မယ့် ကျောင်းသားကျောင်းသူများကို အပြီးသတ်ရွေးချယ်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ဆေးတက္ကသိုလ်အတွက် (၆)ဦး စက်မှုတက္ကသိုလ် (၅)ဦးနဲ့ ဥပဒေအတွက်(၁)ဦးတို့ ဆိုပြီးတော့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Postby

 

Photo : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ