Local Celebrity: ရဲလေးကို ဝန်းရံပေးလိုက်တဲ့ ကျော်ကျော်ဗို

သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ မကြာခင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်တော့မယ့် အဆိုတော် ရဲလေးကို ဝန်းရံပေးလိုက်ပါတယ်။ ရဲလေးကတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၂)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုကတော့ ရဲလေးအတွက် သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးပေးထားတာ ဖြစ်ပါတယ်။

play

 

"One Man Show လုပ်တော့မယ့်

သတိရရင်အားပေးပါဆိုတဲ့ဘဲလေး  

အကိတ်ကြီးအောင်မြင်ပါစေ" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီလို စာသားလေးနဲ့အတူ ရဲလေးနဲ့ ကျော်ကျော်ဗိုတို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုပါ တင်ထားတာ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုနဲ့ ရဲလေးတို့ဟာ နှင်းဆီအဖွဲ့သားများ ဖြစ်သလို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးထားတဲ့ "rose rider " ဆိုတဲ့ ဇာတ်ကားမှာလည်း အတူတူပါဝင်သရုပ်ဆောင်ထားသူ အနုပညာညီအစ်ကိုများ ဖြစ်ကြပါတယ်။

play

 

ရဲလေးရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာ(၂)ရက်နေ့ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။

အဲ့ဒီအတွက် လက်မှတ်များကိုလည်း ရောင်းချတော့မှာ  ဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်ကိုတော့ Standard ၊ VIP ၊ VVIP ဆိုပြီးတော့ သုံးမျိုး ခွဲထားပါတယ်။

play

 

Standard ကိုတော့ ဈေးနှုန်း ၉၀၀၀ကျပ် ၊ VIP ကိုတော့ ၂၀၀၀၀ကျပ်၊ VVIP ကိုတော့ ၃၀၀၀၀ ကျပ် ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီတစ်ခါ ပြုလုပ်မယ့် ဖျော်ဖြေပွဲကတော့ သူ့ရဲ့ ဂီတသက်တမ်း(၁၅)နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်တာကြောင့် ပရိသတ်များ ရင်ခုန်ရမယ့် ဖျော်ဖြေပွဲအစီအစဉ်များလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Postby

 

Photo : ရဲလေး ဖေ့စ်ဘွတ်၊ ကျော်ကျော်ဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ