Local Celebrity: အဖေ့အတွက် ကားတစ်စီး ထပ်ဝယ်ပေးလိုက်တဲ့ ပိုင်တံခွန်

ဘယ်လောက်တောင် သိတတ်တဲ့ သားလဲ။

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ဖခင်ရဲ့ လိုအပ်ချက်ကို ထပ်ပြီးတော့ ဖြည့်ဆည်းပေးလိုက်တယ် ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဖခင်ရဲ့ အလုပ်အတွက် နောက်ထပ်ကားလေး တစ်စီး လိုအပ်နေတာကြောင့်ပိုင်တံခွန်က နိုဝင်ဘာ(၁၄)ရက်နေ့ညက ဝယ်ပေးလိုက်တယ်ဆိုပြီး ပြောထားပါတယ်။

play

 

ဖခင်ပျော်နေတာ မြင်တော့လည်း သူအရမ်းဝမ်းသာတယ် ဆိုပြီး ရေးသားထားပါသေးတယ်။

"အဖေ့အလုပ်အတွက် နောက်ထပ်ကားလေးတစီး ဒီနေ့ထပ်ဝယ်ပေးဖြစ်တယ်ဗျာ အဖေပျော်တာမြင်တော့ ကျနော်ဝမ်းသာတယ်"  သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာပါ။ သူရဲ့ ပရိသတ်တွေကတော့ လိမ္မာလွန်းလှတဲ့ သူ့ကို ချီးကျူးနေပါသေးတယ်။

play

 

မော်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မိဘကို သိတတ်သူ တစ်ယောက် ဖြစ်ရုံသာမက ပရဟိတ စိတ်ဓာတ်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့မှာလည်း  သီချင်းခွေ ရောင်းရငွေ အားလုံးနဲ့ အလှူရှင်တွေလှူဒါန်းတဲ့ ငွေစုစုပေါင်းငွေကျပ်သိန်း(၅၀)ကို အနန္တမေတ္တာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လှူဒါန်းခဲ့ပါတယ်။

play

 

မွေးနေ့အလှူအဖြစ် ငွေကြေးအပြင် ကလေးတွေအတွက် ကျောင်းအင်္ကျီများ၊ စာရေးကိရယာမျိုးစုံကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ မိုးရွာတဲ့ ကြားက ကလေးတွေနဲ့အတူ ရွှေတိဂုံဘုရားသို့သွားရောက်ခဲ့ပြီးတော့ ကလေးတွေကို တိရစ္ဆာန်ဥယျာဉ်ကိုလည်း  လိုက်ပို့ခဲ့ပါသေးတယ်။

play

သူ့ရဲ့ ပရဟိတစိတ်ဓာတ်လေးကိုတော့ ပရိသတ်တွေ အားကျခဲ့ကြပါတယ်။ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ ထုတ်ထားတဲ့ ပိုင်တံခွန်ရဲ့ချစ်သူ ဆိုတဲ့ သီချင်းခွေလေးကိုလည်း ထွက်ရှိထားပါသေးတယ်။

လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။

Postby

 

Photos : ပိုင်တံခွန်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ