Local Celebrity: ပုဂံရောက် ခင်စုစုနိုင်ရဲ့ ပုံရိပ်များ

ပျော်စရာကောင်းတဲ့ ခရီးလို့ ပြောထားပါတယ်။

ခင်စုစုနိုင်ကတော့ ပုဂံသို့ ရောက်နေပါတယ်။  ပုဂံကို ရောက်နေတဲ့ ပုံရိပ်လေးတွေ တင်ရင်း ပျော်စရာနေ့စွဲလေး ဆိုပြီးတော့လည်း ပြောထားပါတယ်။

သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

play

 

ယခုထက်ထိ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေတဲ့ ခင်စုစုနိုင်ကတော့ ယခုလက်ရှိ ဂီတလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနေဆဲလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပေမယ့်လည်း သရုပ်ဆောင်ဘက်ကို စိတ်ဝင်စားတဲ့သူ မဟုတ်တာကိုလည်း တွေ့ရပါတယ်။

play

 

ဂီတဘက်ကိုပဲ ကျွမ်းကျင်တာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ဘက်ကို ပြောင်းမှာ မဟုတ်ဘူးလို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

ဂီတဘက်မှာ ထူးချွန်တဲ့ ခင်စုစုနိုင်က ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး လှပတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပေမဲ့ သရုပ်ဆောင်ဘက်ကိုတော့ ကူးပြောင်းဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။

play

 

ဂီတကိုပဲ ကျွမ်းကျင်တာ ဖြစ်သလို ပရိသတ်တွေ ရွေးချယ်ပေးတဲ့လမ်းကလည်း ဂီတဖြစ်နေတာကြောင့် သရုပ်ဆောင်အလုပ်ကို လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Postby

လက်ရှိမှာလည်း သူမရဲ့ ဒုတိယအခွေအတွက် Music Video ကို အချိန်ယူပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ခင်စုစုနိုင်ဟာ ချစ်မြဲတိုင်း ချစ်မယ် ဆိုတဲ့ သီချင်းခွေနဲ့ ကိုယ်ပိုင်စိတ်ကူးဆိုတဲ့ သီချင်းခွေနှစ်ခွေကို ထွက်ရှိထားသူ ဖြစ်ပါတယ်။

Photo : ခင်စုစုနိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ