Local Celebrity: ရဲလေး ဘာလို့ အချစ်သစ်မရှာတော့တာလဲ

အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

ရဲလေးကတော့ စိတ်ဆင်းရဲမှုတွေ မပေးချင်လို့ အချစ်သစ်မရှာတော့ဘူးလို့ ဆိုပါတယ်။ အချစ်ရေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးတဲ့ အချိန်ဖြစ်နေတာကြောင့် တစ်ယောက်ညတည်း နေဖြစ်နေတာပါတဲ့။

play

 

"ကိုယ့်ကြောင့် တခြားမိန်း ကလေးတစ်ယောက် ထပ်ပြီး ငိုရ မယ့်၊ စိတ်ဆင်းရဲရမယ့်အဖြစ်ကို နှမချင်း ကိုယ်ချင်းစာတယ်။ မောင်နှမချင်းကိုယ်ချင်းစာတယ်။ ကိုယ် လည်း မောင်နှမတွေ ရှိတော့လေ။ သူတို့ကို စိတ်ဆင်းရဲမှုတွေ မပေး ချင်တော့ဘူး။ အရင်လို ငါချစ်နိုင် ပါ့မလားပေါ့။

မချစ်နိုင်ဘဲနဲ့လည်း မိန်းက လေးတစ်ယောက်ကို အချိန်မကုန် စေချင်ဘူး။ ဒုက္ခမပေးချင်ဘူး။ ဒါပါပဲ။ အနုပညာအလုပ်တွေကို အရင်ထက် နှစ်ဆပိုပြီး လုပ်နိုင်တယ်။ အဲဒီဘဝကြီးကိုပဲ အခုကျေနပ်နေပါတယ်’လို့ သူက ဆိုပါတယ်။

play

 

ဇနီးဟောင်းနဲ့လည်း လက်ရှိအချိန်မှာ အဆက်အသွယ်မရှိတော့သလို နှစ်ယောက်စလုံးကိုယ့်လမ်းကိုယ်လျှောက်ပြီး ပျော်နေတယ်လို့လည်း ရဲလေးက ပြောပါတယ်။

ဇနီးဖြစ်သူလည်း သူ့အလုပ်သူလုပ်ပြီး အောင်မြင်ပျော်ရွှင်နေသလို ကျွန်တော်လည်း ကိုယ့်အလုပ်တွေလုပ်ပြီး နေသားကျနေပါပြီတဲ့။

play

 

အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်လာတဲ့ ရဲလေးကတော့ My World My Fans My Show ဆိုတဲ့ နာမည်နဲ့ တစ်ကိုယ်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာ(၂)ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ တစ်ကိုယ်တော်ဖျော်ဖြေပွဲကတော့ သူ့ရဲ့ အနုပညာသက်တမ်း(၁၅)နှစ်အတွင်း ပြုလုပ်တဲ့ ငါးပွဲမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး လက်မှတ်ရောင်းချပြီး ပြုလုပ်တဲ့ သုံးပွဲမြောက် ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။

Postby

 

Source : 7dya Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ