Local Celebrity: ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြည့်ပြီး သူ့ရဲ့အမြင်ကို ပြောပြတဲ့ ယုန်လေး

သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် ယုန်လေးကတော့ ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြည့်ပြီးနောက် သူ့ရဲ့ အမြင်ကို ပြောပြလိုက်တာ ဖြစ်ပါတယ်။ ဇာတ်ကားထုတ်လုပ်သူ ၊ ဒါရိုက်တာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ အားလုံးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ယုန်လေးကတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ပက်ပက်စက်စက်ညှို့ ဆိုတဲ့ ဇာတ်ကားကို သွားကြည့်ဖြစ်တယ်တဲ့။ တချို့သူတွေရဲ့ ဝေဖန်မှုတွေကြောင့်ကော  Copy ဆိုပြီး ရမ်းသန်း ပြောဆိုမှုတွေကြောင့် မရရအောင်သွားကြည့်ဖြစ်တာလို့ ဆိုပါတယ်။

play

 

သူကိုယ်တိုင် သွားကြည့်လိုက်တဲ့အခါမှာ လိုအပ်ချက်လေးတွေ ရှိနေပေမယ့် ဝေဖန်သူတွေ ပြောသလောက်တော့ မဆိုးဘူးဆိုတာ တွေ့ခဲ့ရတယ်ဆိုပြီး ယခုလို ရေးသားထားတာပါ။

"လိုအပ်ချက်လေးတွေ ပြောသလောက်မဟုတ် အနည်းငယ်ရှိတာတွေတော့မြင်ပါတယ်။ ကိုနေတိုး ရွှေထူးကိုထိုးတဲ့ အခန်း ကိုနေတိုးကို လူကြမ်းတွေ ဝိုင်းထိုးတဲ့ အခန်းSound Effect မပါတာဘာမှမဟုတ်ပေမဲ့ လျော့စေပါတယ်။ဇာတ်လမ်းကတော့ ရှိဘူးပြီးသာ ပုံစံကိုပဲ ကျစ်ကျစ်လစ်လစ် နဲ့ အကောင်းဆုံးတင်ပြသွားတာပါ။Teamwork တော်တော် ရှိတယ်လို့မြင်ပါတယ်။

Producer ဆိုက်ကလည်း တွေ့ဖူးနေကျအိမ် မြင်ဖူးနေကျ Location တော်တော်မပါတာတွေ့ရပြီး ပြင်ဆင်ထားတဲ့ အတွက် Producer ကြီး Wai Minn Maung ကိုအရင်ချီုးကျူးပါရစေ .ကိုနေတိုး ကတော့ သဘာဆိုတဲ့အတိုင်း စောက်ရမ်းမိုက်။ မိုးစက်ဝိုင် အခုမှ စသရုပ်ဆောင်တော့ အိုက်တင်ကတော့ အခန်းတိုင်း ဘယ်အသားကျနိုင်မလဲ .ဒါပေမဲ့ ကောင်းတဲ့ အခန်းတွေ တော်တော်ကောင်းပါတယ်။

play

 

ရွှေထူး ကိုကြည့်လိုက်တာ ဒီကောင်အိုက်တင် ခိုးခိုးကျင့်ထားပုံရတယ်။ မကြောင်ဘူး မရှိန်ဘူး ကိုနေတိုးနဲ့ယှဉ်တာတောင် မကွာဘူး မဟာဘူး။ ကိုယ်ဟာကို နဲ့ ပြန်ယှဉ်ပြီးကြည့်ကြည့်တာ Drama တွေ ငိုတာတွေ Flow တွေမှန်တယ် ကောင်းတယ်။ ကျွန်တော့်ထက် အများကြီးသာပါတယ်။

ကျွန်တော် ရတာ ခုတ်မယ် ဖြုတ်မယ်ပဲရတာ တကယ်ကောင်းတယ် ရွှေထူး အိုက်တင်။ပြင်စေချင်တာတော့ မိတ်ကပ်လေးတွေ မလိမ်းပါနဲ့လို့ လိမ်းရင်လည်း မကွက်အောင်လိမ်းပါလို့ မလိမ်းတာအကောင်းဆုံးပါလို့ .

နောက်ဆုံး ပြောချင်တာကတော့ ရန်အမြဲတန်းဖြစ်တဲ့ ကျွန်တော်နဲ့ မတည့်အတူနေ ဒါရိုက်တာ ကြီးကိုသားညီပါ။ကိုသားညီ ကိုညို ကိုလူသား တို့ကြောင့် ကျွန်တော် ဒီလောကထဲရောက်တာပါ။ကိုသားညီ အပင်ပန်းခံ နိုင်တယ်။ ရူတင် အစောဆုံး သူရောက်တယ်။အလုပ်ကို အာရုံစိုက်တယ်။ အဲ့ဒါတွေက ဒီကားမှာ ဘယ်လောက်ကြိုးစားထားလည်းဆိုတာ ကြည့်ရင်မြင်မှာပါ။ရွှေထူး နဲ့ မိုးစက်ဝိုင် အသစ်နှစ်ယောက်ကို အဲ့လို သရုပ်ဆောင် နိုင်အောင် Try နိုင်တာရယ်။ ရိုက်ချက်တွေ မိုက်တာရယ် ကို ဒါရိုက်တာကြီးတော်တယ်လို့ ပြောချင်ပါတယ်။ တည့်နေပြီ ဆိုတော့ မကြာခင် ရန်ပြန်ဖြစ်မယ်။ " ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

နောက်ဆုံးမှာတော့ Good Luck  "ပက်ပက်စက်စက် ညို့ "  ဆိုပြီး အဆုံးသတ် ရေးသားထားတာ တွေ့ရပါတယ်။ ယုန်လေးရဲ့ အမြင်လေးတွေ ရေးသားထားတဲ့ ကောမန့်အောက်မှာတော့ သားညီကလည်း ကျေးဇူးတင်ကြောင်း ရေးသားထားသလို ရွှေထူးကလည်း အခုလို အကြံပေးတာကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြီးကတော့ နိုဝင်ဘာ(၁၇)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Postby

 

Photo : ယုန်လေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ