Local Celebrity: ကြိုးစားမှုတွေ အရာထင်လာလို့ ပျော်နေတဲ့ မေမြင့်မိုရ်

သူမ ငါးနှစ်လုံးလုံး ကြိုးစားခဲ့ရတာတဲ့။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ငါးနှစ်လုံးလုံး ကြိုးစားခဲ့တာတွေ ကြိုးစားမှုတွေ အရာထင်လာပြီဖြစ်တဲ့အတွက် ပျော်လို့နေပါတယ်။ သူမငါးနှစ်လုံးလုံးကြိုးစားခဲ့တဲ့ ဥပဒေပညာဘွဲ့ရပြီဖြစ်တဲ့အတွက် ပျော်နေတာပါ။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ Rehearsal နေ့ကလည်း မေမြင့်မိုရ်တစ်ယောက်အလှဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပါတယ်။ နောက်ပြီးတော့လည်း သူမက ရှေ့နေလုပ်မှာနေတဲ့ ဘယ်သူဌားမလဲဆိုတဲ့ စာသားလေးကိုလည်း ရေးသားခဲ့တာ တွေ့ရပါတယ်။

play

 

"ဒီနေ့ ၅နှစ်လုံးကြိုးစားခဲ့တဲ့ ဥပဒေပညာဘွဲ့ယူ Rehearsal အမှတ်တရ

(ရှေ့နေလုပ်မှာနော် ဘယ်သူဌားမှာလဲ    ‍⚖️  ) Graduation2017

ဝတ်စုံလှလှလေးချုပ်ပေးတဲ့ မမ Designer Htay Htay Tin Shimizu ကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်

အရမ်းလဲကြိုက်ပါတယ်ရှင့်မမရေ

မိတ်ကပ်လှလှလေးအမြဲလိမ်းပေးတဲ့ချစ်မ Zay Yarကျေးဇူးများကြီးတင်ပါတယ်ရှင့်

ဓါတ်ပုံလှလှလေးတွေရိုက်ပေးတဲ့ Personal Photographer ချစ်ဖေဖေ နဲ့ ချစ်မေမေ ရေချစ်တယ်" ဆိုပြီး ရေးသားထားပါတယ်။

play

 

သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဘွဲ့ယူတဲ့ ပုံရိပ်လေးတွေကို ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ်ကတော့ ပန်းနုသွေး ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး ယခုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

play

 

ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေ အသိအမှတ်ပြုအားပေးလာတဲ့ မေမြင့်မိုရ်ကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေသလို ဓာတ်ပုံကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Postby

 

Photo : မေမြင့်မိုရ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ