Local Celebrity: စာရေးဆရာမ ကြည်အေးရဲ့ "မီ" ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်မယ့် ပိုင်ဖြိုးသု

ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ စာရေးဆရာမကြီး ကြည်အေးရဲ့ မီ ဝတ္ထုကို သရုပ်ဆောင်ပိုင်ဖြိုးသုက ရုပ်ရှင်အဖြစ် ပြန်လည်အသက် သွင်းတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီဝတ္ထုကို ဒီဇင်ဘာလအတွင်း ရိုက်ကူးသွားမှာ ဖြစ်ပြီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

play

အဲ့ဒီ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်မယ့်သူကတော့ ပိုင်ဖြိုးသုရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီး ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူးဇာတ်ကူးဖို့အတွက် လောလောဆယ်မှာ Location တွေ အသုံးအဆောင်ပစ္စည်းတွေကို ပြန်လိုက်ရှာနေပြီး ဆရာမကြီးရဲ့ ဝတ္ထုထဲက ပုံစံအတိုင်း ၁၉၄၈ က အဆောက်အအုံတွေကို လိုက်ရှာနေတယ်လို့ သိရပါတယ်။

play

 

"ကိုယ်တိုင်ကလည်း ဒရာမာပဲ အားသန်တယ်။ အဲဒါကြောင့် ဒရာမာဇာတ်ကားတွေပဲ ရိုက်ဖြစ် တာပါ။ ကိုယ်မလုပ်တတ်တာ တွေ၊ ကိုယ်ကြိုးစားရမယ့် သင်ယူ ရမှာတွေကို ကိုယ်တိုင်ထုတ်တဲ့ အချိန်မှာ အဲဒီလိုဇာတ်တွေ ရွေး ဖြစ်တာပါ။

သူနဲ့အတူ ရိုက်ကူးဖြစ်တာကတော့ သူက ကိုယ့်စိတ်ကို အရိုးရှင်းဆုံး သိတဲ့လူဆိုတော့  Mood ရအောင် ဘယ်လိုပြောပေးရမယ်ဆိုတာ သိတာပေါ့။ နောက်ပြီး ကိုယ့်ကျ တော့ အားမနာတမ်းခိုင်းတာပေါ့" လို့ သူမက ပြောပါတယ်။

 

play

 

ပိုင်ဖြိုးသုကတော့ လက်ရှိမှာ ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ "ယောရောရှိ" ဇာတ်ကားကို ဂန့်ဂေါမြို့မှာ သွားရောက် ရိုက်ကူးလျက်ရှိပါတယ်။

ပိုင်ဖြိုးသုရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး ဖြစ်တဲ့ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးက "နေဝင်အိပ်တန်းတက်" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ