Local Celebrity: တာတေကြီး ဇာတ်ကားက ကော်ပီဆိုတာ ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့ ဝိုင်း

မရိုက်ခင်ကတည်းက ဝန်ခံထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဝိုင်းရိုက်ကူးထားတဲ့ တာတေကြီးရုပ်ရှင်ဇာတ်ကားက မှီငြမ်းထားတဲ့ ဇာတ်ကားဖြစ်ကြောင်းကို ဇာတ်ကားမရိုက်ကူးခင်ကတည်းက ဝန်ခံထားတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားဟာ အန္ဒိယ ရုပ်ရှင်Kanchana ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်သော်လည်း ရာနှုန်းပြည့် ကြိုးစားပြီး အကုန်အကျခံ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့သိရပါတယ်။

play

 

‘မှီငြမ်းပဲပြောပြော၊ ကော်ပီ ပဲပြောပြော မရိုက်ခင်ကတည်းက ဝန်ခံထားပြီးသား။ ကြည့်မယ့်ပရိ သတ်တွေကလည်း မှီငြမ်းကို မကြည့်ချင်ဘူးဆိုရင် ရွေးချယ်ပိုင် ခွင့်ရှိပါတယ်။ ဒါက ပွင့်ပွင့်လင်း လင်း ထပ်ပြီး အကြိမ်ကြိမ်ဝန်ခံပါ တယ်၊ မနစ်နာစေချင်ဘူး။ ကြည့် ပြီးသား ကားကို ထပ်ကြည့်ရ တယ်၊ ပိုက်ဆံကုန်တယ်ဆိုပြီး မဖြစ်စေချင်ဘူး’’ လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

play

 

တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ နေတိုးက အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး မိန်းကလေးပုံစံ ဝတ်ဆင်ထားတဲ့ နေတိုးရဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံများ အွန်လင်းမှာ ပျံ့ခဲ့စဉ်ကတည်းက ပရိသတ်တွေစိတ်ဝင်စားမှု ရှိခဲ့တာ ဖြစ်ပါတယ်။

မှီငြမ်းထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးရာမှာ ဒါရိုက်တာ၊ ဇာတ်ညွှန်းနဲ့ ထုတ်လုပ်သူတို့ကို အကယ်ဒမီ ပေးမှာမဟုတ်ပေမယ့် သရုပ်ဆောင်များကတော့ အကယ်ဒမီပေးတယ်လို့ ဒါရိုက်တာ ဝိုင်းက ပြောပြခဲ့ပါတယ်။

Postby

 

တာတေကြီး ရုပ်ရှင်ဇာတ်ကားဟာ နိုဝင်ဘာ(၂၄) ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေး နဲ့ နယ်မြို့များမှာ တစ်ပြိုင်တည်း ရုံတင်မှာ ဖြစ်ပါတယ်။

ှSource &Photo: 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ