AD
AD
AD

ဖွေးဖွေးကတော့ ဂန့်ဂေါမှာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးလျက်ရှိပါတယ်။ ဂန့်ဂေါမှာ ဇာတ်ကားရိုက်နေတုန်း ရိုက်ကူးရေး နားတဲ့ ရက်လေးမှာ အလှူတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအလှူလေးကတော့ ရိုက်ကူးရေး နားတဲ့ရက်မှာ ဂန့်ဂေါလမ်းပိုင်းတလျှောက် ကျောက်ထုလမ်းခင်းနေသူများအတွက် နေ့လည်စာ အာဟာရဒါန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဖွေးဖွေးဟာ အာဟာရဒါန ပြုလုပ်ခဲ့ရုံသာမက သူမရဲ့ ပရိသတ်တွေနဲ့ ရင်းနှီးစွာ ဓာတ်ပုံတွေ ရိုက်ခဲ့သေးတာလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ ဖွေးဖွေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဖွေးဖွေးကတော့ လက်ရှိမှာ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ အဲ့ဒီကားမှာတော့ ဖွေးဖွေးဟာ ကာရိုက်တာရှေးတုန်းက မိန်းကလေး ပုံစံမျိုးသရုပ်ဆောင်ရတာ ဖြစ်ပါတယ်။

play

 

"မုန်းစွဲမှာ ဖွေးက မသဲရုံ ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ကာရိုက်တာအတွက်ကတော့ ရှေးတုန်းက ပုံစံမျိုးပေါ့့နော်။ ဆံပင်ကို အမည်းအရှည် ပြင်ဆင်ထားရတယ်။ပြီးတော့ ရှေးတုန်းက ဝတ်တဲ့ အင်္ကျီတွေကို လေ့လာပြီးတော့ ချုပ်ထားတယ်။" ဆိုပြီး ဇာတ်ကားကန်တော့ပွဲနေ့က Duwun Media ကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

မုန်းစွဲ ဇာတ်ကားမှာတော့ အရွယ်နှစ်မျိုး သရုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

play

 

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Photo : ဖွေးဖွေး Fans

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD