ညဇာတ်ကားထဲကနေ ပရိသတ်တွေ သတိထား အားပေးလာတဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကတော့ ပင်လယ်ကို ရောက်နေတဲ့ ပုံသစ်လေး တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။

ပင်လယ်ဆိုတာ သူ့အတွက် စိတ်လွတ်လပ်မှုအပေးဆုံးနေရာတစ်ခုလို့လည်း ပြောထားပါတယ်။

play

 

အသားတော့ မဲတာပေါ့တဲ့ ဒါပေမဲ့ ပင်လယ်ရောက်ရင် အင်္ကျီဘယ်တော့မှ မကပ်ဘူးလို့လည်း ဆိုထားပါသေးတယ်။  ပင်လယ်ကို ချစ်တဲ့ ချမ်းမင်းရဲထွဋ်ရဲ့ ပင်လယ်နဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပင်လယ်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ရင်းနဲ့ ယခုလို စာသားလေးလည်း ရေးသားထားပါတယ်။

play

 

"ပင်လယ်ဆိုတာ ကျွန်တော့်အတွက် စိတ်လွတ်လပ်မှုအပေးဆုံးနေရာပါ ..          

အသားတော့မဲတာပေါ့ ဒါပေမဲ့ ပင်လယ်ရောက်ရင်

အကျီ င်္ဘယ်တော့မှမကပ်ဘူး  

ပင်လယ်ရောက်ရင် စိတ်ဖိစီးမှုမရှိတော့ဘူး

အတွေးအခေါ်သစ်တွေရတတ်တယ်

ပင်လယ်ကိုချစ်တယ်" ဆိုပြီး ပြောထားတာပါ။

play

 

ချမ်းမင်းရဲထွဋ်ဟာ သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့်လည်း ညရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးနောက်ပိုင်း ပရိသတ်များစွာရဲ့ အားပေးမှုရရှိလာသူ တစ်ဦး လည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ဒါရိုက်တာ ဝိုင်းနဲ့အတူ ဇာတ်ကားရိုက်ကူးခွင့်ရခဲ့ပါသေးတယ်။

အဲ့ဒီဇာတ်ကားကတော့ သမ္မတကြီးထံပေးစာဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ အနုပညာအသိုင်းအဝိုင်းမရှိ အဆက်အသွယ်မရှိပဲ ကြိုစားလာခဲ့ရသူ တစ်ယောက်အနေနဲ့ အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်ဆိုပြီးတော့လည်း အင်တာဗျူးတော်တော်များများမှာ ဖြေဆိုဖူးပါတယ်။

ပရိသတ်များရဲ့ အားပေးမှုကိုလည်း ကျေးဇူးတင်သလို အနုပညာနဲ့ ပတ်သက်ပြီး ဖြေးဖြေးနဲ့ မှန်မှန် ဆက်ပြီး ကြိုးသားသွားပ့ါမယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်ကတော့ အခုဆို ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Photo : ချမ်းမင်းရဲထွဋ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video