Myanmar Idolက အဆိုတော် ရဲနောင်ကတော့ ဘွဲ့ရပြီဖြစ်လို့ပျော်လို့နေပါတယ်။ ရဲနောင်တစ်ယောက်တည်း ပျော်တာမဟုတ်ပါဘူး ရဲနောင်ရဲ့ မိသားစုကလည်း ပြုံးပျော်လို့ နေတာ တွေ့ရပါတယ်။

ရဲနောင်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ "အ​မေ့သား​လေး ဘွဲ့ တကယ်​ရပြီ   တစ်​ခုပဲကျန်​​တော့တယ်" ဆိုပြီး ပြောထားပါတယ်။

play

 

ပရိသတ်တွေကတော့ သူ့ရဲ့ ပို့စ်အောက်မှာ မိန်းမယူဖို့ ကျန်သေးလားဆိုပြီး စနောက်ပြီး ပြောထားပါတယ်။ ဒါပေမယ့် ရဲနောင်ကတော့ ကျန်တဲ့ တစ်ခုက ဘုန်းကြီးဝတ်ဖို့ ကျန်တာဆိုပြီး ပရိသတ်တွေကို ပြန်ပြီး ပြောပြထားပါတယ်။

ရဲနောင်ကတော့ ဘွဲ့ယူတဲ့နေမှာ မိသားစုနဲ့အတူ ပျော်ရွှင်နေသလို သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း ဘွဲ့ဝတ်စုံနဲ့ မိသားစုတွေနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

play

 

ရဲနောင်ဘွဲ့ယူနေတဲ့ အချိန်မှာ နောက်ထပ်ပျော်နေသူ တစ်ယောက်ရှိပါတယ်။ သူကတော့ အဆိုတော် ယွန်းယွန်းပဲ ဖြစ်ပါတယ်။ သူ့ကလည်း ရဲနောင်နဲ့အတူ ဓာတ်ပုံလေးတွေ တွဲရိုက်ထားကာယခုလို စာသားလေးလည်း ရေးသားထားပါတယ်။

"ကိုရဲနောင်လေး ဘွဲ့ရပြီ

ပျော်စရာကြီး  

မျက်နှာကအလိုလိုပြုံးနေလွန်းလို့

မနည်းတည်ရတယ်   

ကျန်တဲ့အကိုတွေအမတွေက

ခရီးဝေးတွေရောက်နေလို့မလာနိုင်ကြဘူး 

လွမ်းတယ် " ဆိုပြီး ပြောထားပါတယ်။

ရဲနောင်ရဲ့ ဘွဲ့ယူတဲ့နေ့ ပုံရိပ်လေးများကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

ရဲနောင်ကတော့ Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအားပေးမှု ရရှိခဲ့သူ ပြိုင်ပွဲဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ ဖြစ်သလို သူ့ရဲ့ ဖန်တီးမှု ရသအသစ်တွေကို တင်ဆက်နိုင်အောင်လည်း ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Postby

 

Photo : ရဲနောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video