AD
AD
AD

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကလည်း တကယ့်ကို အံ့မခန်းပါပဲ ။

လူငယ်ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် ရွှေထူး ပါဝင်ထားသလို ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်နေတိုးနဲ့ အလှမယ် မိုးစက်ဝိုင်တို့ ပါဝင်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားဟာ နိုဝင်ဘာ(၁၇)ရက်နေ့ကစလို့ ရုံတင်ပြသနေတာပါ။

play

 

ရုံစတင်တဲ့ နေ့ကစပြီး ပါဝင်တဲ့အနုပညာရှင်တွေ ဒီဇာတ်ကားကို ပုံဖော်ထားတဲ့ ဒါရိုက်တာတွေနဲ့ ပရိသတ်တွေတွေ့ဆုံတဲ့ပြီး လက်မှတ်ရေးထိုးတဲ့ပွဲတွေကို ဆက်တိုက်ပြုလုပ်ခဲ့သလို ပြုလုပ်ခဲ့တဲ့ ပွဲတိုင်းမှာလည်း ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးလျက်ရှိတာကို တွေ့မြင်ရပါတယ်။

ဒီနေ့ (နိုဝင်ဘာ၁၉ရက်)မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ နဝဒေး ရုပ်ရှင်ရုံ၊ Junction Square တို့မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတာ တွေ့ရပါတယ်။

play

 

ရုံစတင်ပြသတဲ့ နေ့ကစလို့ ဒီနေ့ အထိ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ဖို့တောင် ကောင်းလှပါတယ်။ မိုးစက်ဝိုင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

"ဒီနေ့လည်းအရမ်းပျော်ခဲ့တယ် ..

လာရောက်ပေးတဲ့ သူတဦးတယောက်တိုင်းကိုကျေးဇူးပါလို့

၃ရက်ဆက်တိုက်ကြည့်ကြတဲ့ သူတွေကတော့ အတိုင်းထက်လွန်ပေါ့ ..

နဝဒေး , junction .. တဖွဲ့ လုံးပျော်တယ်ရှင့်..

ခုတော့ မောတယ် လွမ်းနေပြီ .. အိပ်လိုက်ဦးမယ်နော်" ဆိုပြီး ရေးသားထားပါတယ်။

play

 

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဒါရိုက်တာ သားညီ ရိုက်ကူးထားတာ ဖြစ်ပြီး နေတိုး၊ ရွှေထူး ၊ မိုးစက်ဝိုင်တို့က အဓိက ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ(၁၇)ရက်နေ့ကစလို့ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသလျက် ရှိပါတယ်။

Postby

 

Photo : မိုးစက်ဝိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD