နာမည်ကြီး သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ သက်မွန်မြင့်နဲ့ ဖွေးဖွေးတို့ရဲ့ အကောင့်တွေနဲ့ ပေ့ခ်ျတွေကတော့ ဟက်ကာများရဲ့ ဟက်ထားခြင်းကို ခံလိုက်ရပါပြီ။

သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ပေ့ခ်ျကတော့ နိုဝင်ဘာ (၁၅)ရက်နေ့က အဟက်ခံခဲ့ရတာဖြစ်ပြီး ဟက်ကာများက သူတို့အဖွဲ့ရဲ့ Logoကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ Cover Photo အဖြစ်ပြောင်းလဲခဲ့ပါတယ်။

play

 

အဲ့ဒီCover Photo မှာ M4L F4M!1Y နာမည်နဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားကာ မျက်နှာဖုံးတွေ အုပ်ထားတဲ့ သူငါးဦးရဲ့ ပုံဖြစ်ပါတယ်။ အဲ့လို ဟက်ခဲ့ပြီး နိုဝင်ဘာ(၁၈)ရက်နေ့မှာတော့ သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကို ထိန်းသိမ်းထားပြီဖြစ်ကြောင်း သူတို့ထံသို့မက်ဆေ့ခ်ျကနေ သက်မွန်မြင့်ကိုယ်တိုင် ဆက်သွယ်ပါက ပြန်လည်ပေးအပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် နိုဝင်ဘာ(၁၉)ရက်နေ့မှာတော့ Like နှစ်သန်းကျော် ရှိတဲ့ သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကတော့ ဝင်ပြီး ကြည့်လို့ မရတော့ပါဘူး။

play

 

သက်မွန်မြင့်လိုပဲ ဖွေးဖွေးရဲ့ အကောင့်နဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျဟာ အဟက်ခံရကြောင်း နိုဝင်ဘာ(၁၉)ရက်နေ့က We Love Shwe Yee Ko Oo ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။ ဖွေးဖွေးပေ့ခ်ျဟာလည်း မြန်မာနိုင်ငံရှိ

အနုပညာရှင်များထဲမှာ ဒုတိယ Like အများဆုံး ပေ့ခ်ျတစ်ခု ဖြစ်ပြီး Like လုပ်ထားသူ ခုနှစ်သန်း ကျော်ရှိပါတယ်။

Postby

 

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video