ရွှေမှုံရတီက သူမရဲ့ချစ်သူကို ကျေးဇူးတင်ချင်ကြောင်းနဲ့ ဘာတွေအတွက် ကျေးဇူးတင်ကြောင့် သူမရဲ့ဖေ့စ်ဘွတ်ကနေတစ်ဆင့်

ပြောခဲ့တာဖြစ်ပါတယ်။

play

 

"သူ့ ကိုကျေးဇူးတင် ကြောင်းလေးပြော ချင်တယ်

အမြဲ အပြုံးမပျက်အောင်ထားတဲ့အတွက်

အမြဲ စိတ်ချမ်းသာအောင်ထားတဲ့အတွက်

အမြဲ သူ့ကြောင့်မပူလောင်အောင်ထားတဲ့အတွက်

အမြဲ နားလည်ပေးတဲ့အတွက်

အမြဲ စိတ်ပူပေးတဲ့အတွက်

အမြဲ လူကြီးလေးလိုဆက်ဆံပေးတဲ့အတွက်

အမြဲ လိုအပ်တိုင်းအနားရှိနေပေးတဲ့အတွက်

အမြဲ အားငယ်တိုင်းနွေးထွေးစွာပွေ့ဖက်ပေးတဲ့အတွက်

အမြဲ ဘယ်လောက်ချစ်ကြောင်းဖွဲ့နွဲ့ပြောပေးတဲ့အတွက်

အမြဲ သူကိုမထားသွားပါနဲ့လို့စိုးရိမ်တကြီးပြောနေတဲ့အတွက်

ကျေးဇူးတင်ပါတယ်

မောင်ရယ်" လို့ ရွှေမှုံရတီက ဒီနေ့ (နိုဝင်ဘာလ ၂၀ ရက်) ညနေမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ရွှေမှုံဟာ ချစ်သူနဲ့တွဲလျက် ဓာတ်ပုံတွေတင်တာ သိပ်တွေ့ရလေ့တော့ မရှိခဲ့ပေမဲ့ တခါတလေမှာတော့ သူမရဲ့ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ဖေ့စ်ဘွတ်ကနေတစ်ဆင့် ပြောလေ့ရှိပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့တုန်းကတော့ ရွှေမှုံရတီက "We break up" လို့ ရေးပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ တင်လိုက်တဲ့အတွက် သူမကိုချစ်တဲ့ ပရိသတ်တွေကြားမှာ အတော်လေးဂယက်ရိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်နေ့မှာ ရွှေမှုံက နောက်လိုက်တာသာဖြစ်ကြောင်း

ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်က အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Photos : ရွှေမှုံရတီဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video