AD
AD
AD

ရွှေမှုံရတီကတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလေးတင် ပို့စ်တစ်ခု တင်လိုက်ပါတယ်။ အဲ့ဒါကတော့ သူမ မနေ့က လွှင့်တဲ့ Live နဲ့ ပတ်သက်ပြီး ပြောပြလိုက်တာပါ။

ရွှေမှုံရတီဟာ နိုဝင်ဘာ(၂၀)ရက်နေ့ နေ့လည်ပိုင်းလောက်က Live တစ်ခု လွှင့်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီLive ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ပို့စ်အနေနဲ့တော့ ပြန်မတင်ထားပါဘူး။ အဲ့ဒီ Live နဲ့ ပတ်သက်ပြီး media များ ဖေ့စ်ဘွတ်ပေါ်မှာ ကူးယူပြီတင်လျှင် စာလုံးအရေးအသားများ ဆင်ခြင်စေဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

play

 

"မနေ့ ကတင်သော live သည်

စိတ်ကြီးဝင်နေသောမိန်းမ ရုပ်ရှင်ဇာတ်ကား တွင်ပါဝင်သော ဇာတ်ဝင်ခန်းအတွက် live လွှင့်ကာ သရုပ်ဆောင်ရခြင်းဖြစ်ပါသောကြောင့်

media များ Facebook ပေါ်ကူးယူတင်လျှင် စာလုံးအရေးအသားများဆင်ခြင်ပါရန်

သတိပေးပါသည်

ရွှေမှုံရတီ"  လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ 

play

 

ရွှေမှုံလွှင့်လိုက်တဲ့ Live မှာတော့ သူမမှာ အိမ်အကြီးကြီးတစ်လုံးရှိကြောင်း အဲ့ဒီအိမ်ထဲမှာ မီးခံသေတ္တာအလုံး၁၅၀လောက် ရှိကြောင်းနဲ့ ယခုလက်ရှိမှာ သူမက ၂၀၁၆ နောက်ဆုံးပေါ်ကားကို စီးနေကြောင်းကို ခပ်ချေချေအမူအယာနဲ့ Live ထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ(၁၆)ရက်နေ့ကတော့ နေမကောင်းလို့ ဆေးရုံတက်နေတဲ့ အကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြထားတာ တွေ့ရပါတယ်။

play

 

ယခုလက်ရှိတော့ သူမက စိတ်ကြီးဝင်နေသောမိန်းမ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်က အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Postby

 

Photos : ရွှေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD