လူပျိုကြီး ထွန်းထွန်းတစ်ယောက် ချစ်သူရှိနေပြီလားဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားလို့နေပါတယ်။ ထွန်းထွန်းဟာ နိုဝင်ဘာ(၂၀)ရက်နေ့မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ သူကောင်မလေးမျက်နှာပါတဲ့ ပုံလေးတွေကို တင်လိုက်ပါတယ်။

ထွန်းထွန်းဟာ သူ့ရဲ့ ဖုန်း  Screen မှာ ကောင်မလေး မျက်နှာကို တင်ထားတာလည်း တွေ့ရပါတယ်။ ထွန်းထွန်း ချစ်သူ ရှိနေပြီလား ဆိုတဲ့ အဖြေကို ပိုပိုခိုင်မာသွားစေတာကတော့ အလွမ်း သင်္ကေတလေးတွေ ပါတဲ့ နာရီမိနစ်လေးတွေ ဖြစ်ပါတယ်။

play

 

11:11 လိုမျိုး ဂဏန်းအပူးလေးတွေ ဖြစ်တဲ့အချိန်မှာ ကိုယ်ကအဲ့ဒါလေးကို မြင်လိုက်ရင် ချစ်သူကကိုယ့်ကို သတိရနေတာဆိုတဲ့ အဓိပ္ပါယ်လေးကတော့ အားလုံး သိကြမှာပါ။

ထွန်းထွန်းကလည်း အဲ့လို ဂဏန်းအပူးလေးတွေကို သူမြင်လိုက်ရတဲ့ အချိန်တွေမှာ Screen Shot ဖမ်းကာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီး ယခုလို စာသားလေးကို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"တိုက်ဆိုင်တာမဟုတ်တော့ဘူး

ဒါ တမင်တကာ လွမ်းတာဖြစ်သွားပီ

အယ် လဲ့ လဲ့" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

ပရိသတ်တွေကတော့ အဲ့ဒီ ဖုန်း Screen ပေါ်က ကောင်မလေးကို ဘယ်သူမှန်း သိချင်နေကြသလို တချို့ကလည်း ဘယ်သူလဲဆိုတာ သိလို့နေကြပါတယ်။

play

ထွန်းထွန်းဟာ သူ့ရဲ့ အင်စတာဂရမ်မှာလည်း ကောင်မလေးလက်ကို ကိုင်ထားတဲ့ ပုံလေး တင်ခဲ့ဖူးပါတယ်။ အဲ့ဒီပုံလေးကို နိုဝင်ဘာ(၁၂)ရက်နေ့က အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

play

 

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။

ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

play

 

သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Postby

 

Photo : ထွန်းထွန်း ဖေ့စ်ဘွတ်၊ အင်စတာဂရမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video